Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-07-03 10:56:17
#ဇူလိုင်လ (၄)ရက် / တနင်္ဂနွေနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်မာကု (၆း ၁-၆)
#Fr.ရောဘတ် ကျော်သူ (MSP)
Posted by M Sulatthtwe

ပထမကျမ်းမှာ Ezekiel က ဝိညာဉ်တော်ဘုရားဟာ ကျွန်ုပ်ထဲမှာ ဝင်ပြီးတော့ သူ့ကို ဆန့်ကျင်တဲ့ သူတွေကို ဆန့်ကျင်ဖို့အတွက် အမိန့်ပေးတယ်လို့ ပြောထားပါတယ်။ ကျွန်ုပ်တို့ ထောက်ရှုသင့်တဲ့ အရာကတော့ ဘဝထဲမှာ မကောင်းတဲ့အရာတွေ ပပျောက်ပြီး ကောင်းတဲ့အရာတွေ ဖြစ်လာဖို့ ဝိညာဉ်တော် ဘုရားကို နေရာပေးဖို့ လိုပါတယ်။ ဒုတိယကျမ်းစာ 2Cor 12: 7-10မှာ သံပေါလူးက သူ့ရဲ့မပြည့်စုံမှုတွေကို ကြွားဝါထားပါတယ်။ ဆိုလိုချင်တာကတော့ သူအားနည်းတယ် ဆိုတာကို အသိအမှတ်ပြုတာ ဖြစ်ပါတယ်။ ဒီလို အသိအမှတ်ပြုခြင်းက ဘာအတွက်လည်းဆိုတော့ (The power of Christ be dwell in me) ခရစ်တော်ကို နေရာပေးတာ ဖြစ်တယ်။ သူ့ရဲ့အားနည်းချက်တွေ ဝန်ခံတဲ့အခါမှာ ဘုရားက အားအင်ဖြည့်ပေးတယ်။ “ငါ့ကျေးဇူးဟာ သင့်အဖို့ လုံလောက်တယ်လို့ ပြောထားတာ ဖြစ်တယ်။ ကျွန်ုပ်တို့ အပြစ်ကင်းတယ်။ ငါမမှားပါဘူးလို့ ကြွားဝါပြီး အသက်ရှင်တဲ့အခါမှာ ဘုရားနေရာ မရပါဘူး။ ဘုရားကို ပထုတ်သလိုပါပဲ။ ကျွန်ုပ်တို့ဟာ အပြစ်သားပါလို့ ဝန်ခံရင် ဘုရားရဲ့ ကျေးဇူးတွေက ကျွန်ုပ်တို့ရဲ့ အထဲမှာ နေရာယူတယ် ဆိုတာကို သံပေါလူးဟာ သက်သေပြပါတယ်။ Mk 6: 1-6ဧဝံဂေလိကျမ်းမှာ ခရစ်တော်ရဲ့ ဉာဏ်ပညာကို လူတွေက အံ့ဩကြတယ်။ ဒီလူကို ငါတို့ သိတယ် ဆိုတဲ့ အထင်သေးတဲ့ အံ့ဩမှုဖြစ်တယ်။ ခရစ်တော် သူတို့အပေါ် ပြန်အံ့ဩတာက “Lack of Faith” ဆိုတဲ့ သူ့ရဲ့လုပ်ရပ်တွေအပေါ် သူတို့ရဲ့ ယုံကြည်မှု ကင်းမဲ့တာကိုပါ။ ကျွန်ုပ်တို့ဘဝမှာလည်း အံ့ဩမှု(၂)ခုကို ကြုံတွေ့နေတတ်ပါတယ်။ ပထမက ဘုရားသခင်က နှိုးဆော်ပေးတဲ့ အရာတွေ အပေါ်မှာ ယုံကြည်မှု မရှိဘူး။ အခြားအရာတွေ အပေါ်မှာ အားကိုးမယ်။ ဘုရားကို အားမကိုးဘူး။ ဒီအရာတွေအတွက် ဘုရားက အံ့ဩနေမှာ သေချာပါတယ်။ တဖက်က ပြန်ကြည့်ရင် ဘုရားက ဆုတောင်းသံတွေ နားမညောင်းဘူး၊ ပြန်မကြည့်ဘူးဆိုတဲ့ လူ့ပေတံနဲ့ တိုင်းတာပြီး အထင်အမြင်သေးတဲ့ ယုံကြည်မှုကင်းမဲ့ခြင်းကိုဘုရားက ပြန်အံ့ဩပါတယ်။ ဘုရားက နေ့တိုင်း နှိုးဆော်မှုကို ပုံစံအမျိုးမျိုးနဲ့ ပြပါတယ်။ ဒီနှိုးဆော်မှုကို ကျွန်ုပ်တို့က ယုံယုံကြည်ကြည်နဲ့ လက်ခံဖို့ လိုပါတယ်။ ကျွန်ုပ်တို့ လက်မခံဘူးဆိုရင် ဘုရားက ယုံကြည်မှု ကင်းမဲ့တဲ့ ပုဂ္ဂိုလ်အဖြစ် ကျွန်ုပ်တို့ကို အံ့ဩနေမှာ ဖြစ်ပါတယ်။

#Fr.ရောဘတ် ကျော်သူ (MSP)

Daily Reflection