(Mt 9: 32 – 38) ထောက်ရှုစရာအနေနဲ့ ကျမ်းစာထဲမှာ ဘုရားရဲ့ကယ်တင်ခြင်းလုပ်ငန်း၊ ဝိညာဉ်ရေးလုပ်ငန်း၊ သာသနာရေးလုပ်ငန်းဆိုတာ ကြီးကျယ်ခမ်းနားတာကို တွေ့ရသလို မကုန်မဆုံးနိုင်တဲ့အရာလည်းဖြစ်ပါတယ်။ တကယ်လိုအပ်နေတာ တွေ့ရတယ်။ ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာရှိတယ်။ ဒီအထဲမှာ ဘုရားကို မသိသေးတဲ့လူတွေ၊ သူတို့ရဲ့ဝိညာဉ်ရေးအတွက် သတိမမူသေးတဲ့သူတွေ အများကြီးရှိတယ်။ အဲဒါကျွန်ုပ်တို့မှာ တာဝန်ရှိတယ်ဆိုတာကို သိရမယ်။ နံပါတ်တစ်အနေနဲ့ ဘုရားက လူနာတွေကို ကုသတယ်။ နတ်ဆိုးတွေကို နှင်ထုတ်တယ်။ လူတွေလမ်းမှားနေတာကို ထောက်ပြတယ်။သူဘာလုပ်ရမလဲဆိုတာကို သူသိတယ်။ ဒုတိယအနေနဲ့ ရိတ်သိမ်းစရာ များစွာရှိတယ်။ ရိတ်သိမ်းမဲ့သူက နည်းတယ်။ ဘုရားသခင်ဆီမှာ ဆုတောင်းကြပါလို့ ပြောတယ်။ အဲဒီမှာ ဆုတောင်းပါ (ask) လို့ပြောတယ်။ ကျွန်ုပ်တို့ကို ဝတ္တရားတစ်ခု၊ တာဝန်တစ်ခုပေးတာဖြစ်တယ်။ ဒီဝတ္တရားကို ကျွန်ုပ်တို့အသိုင်းအဝိုင်းမှာ မိမိကိုယ်ကို ဆန်းစစ်ရမဲ့ တောင်းစေချင်တဲ့ ဖြစ်စေချင်တဲ့ အရာဖြစ်တယ်။ ဥပမာ- အသိုင်းအဝိုင်းမှာ မိဘအနေနဲ့ သားသမီးကိုဘုရားတရားရှိအောင် ဆုံးမရတယ်။ သူတော်စင်တွေအနေနဲ့ နောက်ထပ် သူတော်စင်တွေ ပေါ်လာဖို့ အားပေး အားမြှောက် တွန်းအားပေးဖို့ လိုနေတယ်။ မိမိနဲ့ထိတွေ့သူတိုင်းကို ရိတ်သိမ်းသူတွေ တစ်နေ့ပေါ်ထွက်လာဖို့အတွက် အားပေးအားမြှောက်ဖို့ တာဝန်ရှိတယ်။ တစ်ဖက်ကကြည့်ရင် ရိတ်သိမ်းသူဆိုရင် ရဟန်း၊ သီလရှင် ဖြစ်ရမယ်လို့ မဟုတ်ဘဲနဲ့ ခရစ်တော်လို သူဘာကြောင့် လူအဖြစ်ယူရသလဲ၊ ဘာကြောင့် ကုသရသလဲ၊ သူ့လုပ်ငန်းကို သူသိတယ်။ ဒီလိုပဲ ကျွန်ုပ်တို့ကလည်း အသိမိတ်ဆွေတွေဖြစ်ဖြစ်၊ သားသမီးဖြစ်ဖြစ်၊ ဘုရားကိုသိတဲ့လူတစ်ယောက်အနေနဲ့ ဘာလုပ်သင့်လဲဆိုတာ သိဖို့အရေးကြီးတယ်။ ရဟန်း၊ သီလရှင် ဖြစ်ရမယ်ဆိုတာထက် ကိုယ့်ဘဝမှာ မှန်မှန်ကန်ကန် နေထိုင်ပြီးတော့ ကိုယ့်ဘဝကို သူနားလည်ဖို့ အရေးကြီးတယ်။ ဒီလိုနေထိုင်ခြင်းအားဖြင့် ရိတ်သိမ်းသူတစ်ယောက်အနေနဲ့ ဘုရားရဲ့သားသမီး ဝိညာဉ်တွေကို ရိတ်သိမ်းသူအနေနဲ့ အသက်ရှင်ခြင်း ဖြစ်တယ်။ ကျွန်ုပ်တို့အားလုံး ဘုရားရဲ့သားသမီး ဖြစ်လာခြင်းသည် ဒီနေရာမှာ မရပ်ဘဲနဲ့ ထပ်ဆင့်ပြီးတော့မှ ပွါးများဖို့၊ ရိတ်သိမ်းဖို့အတွက် ဖြစ်တယ်။ မိမိအသက်ရှင်မှုကြောင့် တစ်ပါးသူအကျိုးခံစားရတယ်ဆိုရင် ကြီးမားတဲ့ရိတ်သိမ်းခြင်းဖြစ်တယ်။ ဒီနေ့ မိမိရဲ့ ဖြစ်တည်မှုကို နားလည်ပြီးတော့ သေးသေးဖြစ်ဖြစ်၊ ကြီးကြီးဖြစ်ဖြစ် ကောင်းသောရိတ်သိမ်းသူ တစ်ယောက်ဖြစ်အောင် ကြိုးစားကြပါစို့။
#Fr.ရောဘတ် ကျော်သူ (MSP)