Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-07-08 07:50:59
#ဇူလိုင်လ (၉)ရက် / သောကြာနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှငျမာတေဦး (၁၀း ၁၆-၂၃)
#Fr.ရောဘတ် ကျော်သူ (MSP)
Posted by M Sulatthtwe

Mt 10: 16-23 ဒီနေ့ ကျမ်းစာမှာလည်း ဘုရားဆီကနေ အချက်(၂)ချက် ထောက်ရှုရအောင်။ ကျွန်ုပ်တို့ သူတော်စင် အသိုင်းအဝိုင်းမှာ ကြုံတွေ့ရတဲ့ အရာတွေက ဘာတွေလည်းဆိုတော့ ဘာသာသူတွေနဲ့ တွေ့တဲ့အခါမှာ သူတော်စင်ဘဝပဲ အေးချမ်းပါတယ်။ တရားရိပ်၊ ဘုရားရိပ်မှာပဲ နေရတယ်ဆိုတဲ့ သုံးသပ်ချက်တွေကို မကြာခဏ ကြားရပါတယ်။ တကယ်တမ်း ကြည့်လိုက်ရင် ဘုရားရဲ့ သာသနာမှာ အလုပ်လုပ်ရတယ်ဆိုတာ မလွယ်ကူပါဘူး။ တရားကို အားထုတ်နေရတယ်။ တရားကို ပြနေရတယ်ဆိုတာ မလွယ်ပါဘူး။ အင်မတန်မှ ခက်ခဲပါတယ်။ ထိလွယ်၊ ရှလွယ်တဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါကို ဘုရားက ပထမဆုံးအနေနဲ့ သူ့ရဲ့တပည့်တော်ကြီးတွေကို သတိပေးတာ ဖြစ်ပါတယ်။ ငါစေလွှတ်တဲ့နေရာက ကြမ်းတမ်းမယ်၊ ခက်ခဲမယ်၊ ပြဿနာတွေ့ကြုံမယ်။ အနီးဆုံးရန်သူတွေ တွေ့ရမယ်။ နားလည်မှုတွေလည်း လွဲမယ်။ မုန်းတီးခြင်းတွေလည်း ခံရမယ်။ သူ့ရဲ့နာမကြောင့် ညှဉ်းဆဲခြင်း ခံရမယ်ဆိုတဲ့ သတိပေးချက်ဖြစ်ပါတယ်။ ဒါဟာ ဘုရားရဲ့ အလုပ်၊ သာသနာ့ ဝန်ထမ်း လုပ်ရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ နားလည်ဖို့ လိုပါတယ်။ လူတွေအမြင်မှာ တရားက အေးချမ်းတယ်လို့ ပြောပေမဲ့လည်း ဒီအေးချမ်းတဲ့အရာကို ရရှိဖို့ ဘယ်လောက် အန္တရာယ်များလဲ၊ ခက်ခဲတယ် ဆိုတာ တွေ့ရမယ်။ သူ့ရဲ့နာမကို အမှီပြုပြီး သူပေးတဲ့တာဝန်တွေ လုပ်တဲ့အခါမှာ မလွယ်ကူဘူး ဆိုတာကို နားလည်ဖို့ လိုပါတယ်။ ဒုတိယအချက်အနေနဲ့ သူ့ရဲ့တရားတွေ ပြန့်ပွားဖို့ လုပ်ဆောင်တဲ့အခါမှာ တော်တော်များများက လမ်းခုလတ်မှာ တိုက်ပွဲ ကျကြပါတယ်။ တိုက်ပွဲတွေကျတယ်ဆိုတဲ့နေရာမှာ သူပေးတဲ့တာဝန်တွေအပေါ်မှာ အာရုံစိုက်မှု နည်းသွားတာက တစ်ပိုင်း၊ ခက်ခဲမှုကြောင့်မှုတွေကြောင့်လည်းဖြစ်ပါတယ်။ ဒါကြောင့် ဘုရားပြောချင်တာက အဆုံးထိ တည်ကြည်ဖို့ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ကြမ်းတမ်းပါစေ၊ နားလည်မှုတွေလွဲ၊ အမုန်းတွေရိတ်သိမ်းနေရပါစေ အဆုံးထိတည်ကြည်မယ်ဆိုရင် သူ့အနေနဲ့ ဆုလာဒ်ဆိုတဲ့ ဒီခန္ဓာကိုယ်ကြီးရဲ့အလွန် ဝိညာဉ်ရေးမှာ စံစားရမဲ့အရာတွေကို ပြောထားပါတယ်။ ဒီဒုက္ခတွေ ကြားထဲမှာ ခန္ဓာကိုယ်သည် ကျရှုံးပါစေ။ တရားကိုအားထုတ်၊ သာသနာလုပ်ငန်းကို လုပ်နေရင်းနဲ့ ကျရှုံးနေပါစေ ကိစ္စမရှိပါဘူး။ အဆုံးတိုင် တည်ကြည်သောသူသည် ဝိညာဉ်ကယ်တင်ခြင်း ခံရမယ်လို့ ဘုရားသခင်က ခိုင်မာတဲ့ ကတိပေးထားခဲ့ပါတယ်။

#Fr.ရောဘတ် ကျော်သူ (MSP)

Daily Reflection