Mt 10:34 – 11:1 မှာ ခရစ်တော်ရဲ့ နောက်လိုက်တွေအတွက် နားလည်ရခက်တဲ့ အရာတွေကို ကြားရမှာ ဖြစ်ပါတယ်။ သူ့ရဲ့တပည့်တော်ကြီးတွေက ခရစ်တော်နောက် လိုက်တဲ့အခါမှာ လုံခြုံမှုရှိဖို့၊ ငြိမ်းချမ်းမှုရဖို့၊ လူ့အနေနဲ့ တွေးတဲ့အခါမှာ ခရစ်တော်က ပြောလိုက်တယ်။ ငါဒီလောကကိုလာတာ ငြိမ်သက်ခြင်းကို သယ်ဆောင်လာဖို့ မဟုတ်ဘူး။ သားကအဖေ၊ အဖေကသား၊ သမီးကအမေ၊ အမေကသမီး၊ မိသားစုထဲမှာ အဖွဲ့အစည်းထဲမှာ ဆန့်ကျင်ဘက်တွေ ဖြစ်မယ်။ ဒါဟာ ဘာကိုပြောချင်သလဲဆိုတော့ လူ့အသိုင်းအဝိုင်းနဲ့ နေတဲ့အခါမှာ လူလို အဆင်ပြေအောင် ပေါင်းသင်းတတ်တယ်၊ ပြောတယ်၊ ဆိုတယ်။ ဒါပေမဲ့ ဘုရားရဲ့ အလိုတော် ဝင်လာတဲ့အခါမှာ လူ့ရဲ့ယဉ်ကျေးမှုနဲ့ ဘုရားရဲ့ယဉ်ကျေးမှု မတူလို့ ပဋိပက္ခ ဖြစ်တယ်လို ပြောချင်တာ ဖြစ်တယ်။ သားသမီးတွေ မိဘတွေ ငါ့ထက်ပိုချစ်တဲ့ သူတွေဟာ ငါနဲ့မထိုက်တန်ဘူးလို့ ဆက်ပြောထားပါတယ်။ ဘာကို ဆိုလိုချင်လဲဆိုတော့ ဘုရားကို အရာအားလုံးရဲ့ အထက်မှာ ထားပြီး ချစ်ဖို့ဖြစ်တယ်။ ဘုရားနဲ့ပတ်သက်တဲ့ အရာတွေကို လူတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေထက် ချစ်ဖို့၊ လုပ်ဆောင်ဖို့ ဖြစ်တယ်။ သခင်ခရစ်တော်နောက်ကို လိုက်ဖို့ ဆုံးဖြတ်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိရဲ့ ကားတိုင်ကို ထမ်းပြီးမှ လာရမယ်၊ သွားရမယ်တဲ့။ ကားတိုင်ဆိုတာ ခက်ခဲမှု၊ ကြမ်းတမ်းမှု၊ ပြဿနာ၊ ဒုက္ခတွေကို ရည်ညွန်းတာ ဖြစ်တယ်။ ဘုရားသခင်နောက်ကို လိုက်မယ်လို့ ပြောတဲ့အခါမှာ မိသားစုနဲ့ ဆန့်ကျင်မှုတွေ ဖြစ်လာမယ်။ ဒါဟာ cross ပဲဖြစ်တယ်။ သမာဓိရှိတဲ့ ပုဂ္ဂိုလ်ဟာ သူ့ရဲ့သမာဓိရှိခြင်းရဲ့ ကျေးဇူးကိုရမယ်။ တစ်စုံတစ်ယောက် တစ်ခြားသူတစ်ဦးကို ရေတစ်ခွက် တိုက်တဲ့အခါမှာ အဲဒီရေတစ်ခွက်အတွက် အကျိုး မယုတ်စေရဘူးတဲ့။ ကျွန်ုပ်တို့ ခရစ်ယာန် ဖြစ်လာတယ်၊ ဘုရားရဲ့နောက် လိုက်တဲ့အခါမှာ ကျွန်ုပ်တို့ဟာ ဘုရားရဲ့အလုပ်ကို လုပ်ရတော့မယ်။ ခရစ်ယာန် ဘဝသက်တာအဖြစ် နေ့တိုင်းအသက်ရှင်ခြင်းဟာ လူမှုအသိုင်းအဝိုင်းမှာ နေထိုင်အသက်ရှင်ခြင်းနဲ့ ပဋိပက္ခတွေ ဖြစ်ပါတယ်။ မကိုက်ညီမှုတွေ ရှိလိမ့်မယ်။ ဒါပေမဲ့ ဘုရားကို သစ္စာရှိပြီး ဆက်လက် လုပ်ကိုင်သွားမယ် ဆိုရင်တော့ အကျိုးကျေးဇူးများကို ခံစားရသလို ကျွန်ုပ်တို့ လုပ်ဆောင်တဲ့ ကုသိုလ်တွေ ကောင်းမှုတွေဟာ အကျိုး မယုတ်စေရဘူး။ ဘုရားဟာ ဆုချီးမြှင့်တယ်ဆိုတာ မှတ်ထားကြစို့။
#Fr.ရောဘတ် ကျော်သူ (MSP)