Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-07-13 10:24:20
#ဇူလိုင်လ (၁၄)ရက် / ဗုဒ္ဓဟူးနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်မာတေဦး (၁၁း ၂၅-၂၇)
#Fr.ရောဘတ် ကျော်သူ (MSP)
Posted by M Sulatthtwe

Mt 11: 25-27 မှာ သခင်ခရစ်တော်က ကျွန်ုပ်တို့ကို သင်ပေးနေတာ တစ်ခုရှိတယ်။ ဘာလဲဆိုတော့ “Gratitude” ကျေးဇူးတင် သိတတ်ခြင်း ဖြစ်တယ်။ ဒီနေ့မှာ ခရစ်တော်က ပညာတတ် သူတွေကို မဖော်ပြဘဲ သိမ်ငယ်တဲ့ ပုဂ္ဂိုလ်၊ အားနည်းတဲ့ ပုဂ္ဂိုလ်တွေကို ဖော်ပြတဲ့အတွက် ခမည်းတော်ဘုရားကို ကျေးဇူးတင်တယ်။ ကျွန်ုပ်တို့ အသိုင်းအဝိုင်းမှာ ဘုရားကို သိတဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်လိုမျိုးပုဂ္ဂိုလ်၊ ဘုရားကို မသိတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုမျိုး ပုဂ္ဂိုလ်လဲဆိုတာ ကြည့်ကြရအောင်။ ဘုရားကို သိဖို့အလွယ်ဆုံးနဲ့ အကောင်းဆုံး နည်းလမ်းဟာ “နှိမ့်ချခြင်း” ဖြစ်ပါတယ်။ တစ်ဖက်မှာ ဘုရားကိုသိဖို့ အဟန့်အတားက ဘာလဲဆိုရင် “မာန”ပဲ ဖြစ်တယ်။ ဒီနေ့မှာ ကြည့်လိုက်မယ်ဆိုရင် မာနထောင်လွှားတဲ့သူတွေ ကျေးဇူးတော် မခံစားရဘူး ဆိုတာတွေ့ရသလို ကလေးသူငယ်ကဲ့သို့ နှိမ့်ချ၊ ရိုးသားတဲ့ လူတွေဟာ ဘုရားသခင်ကို သိတယ်၊ ကောင်းကြီး ခံစားရတယ် ဆိုတာလည်း တွေ့ရပါတယ်။ ကျွန်ုပ်တို့ ဘဝသက်တာမှာ နေ့စဉ်နဲ့အမျှ ဘုရားဆီက ရတဲ့ကျေးဇူးတော်တွေနဲ့ အသက်ရှင်နေတယ် ဆိုတာကို သိရမှာ ဖြစ်တယ်။ ဒီအရာတွေ အတွက်လည်း ကျေးဇူးတင်တတ်အောင် ကြိုးစားကြရအောင်။ တစ်ဖက်မှာကျတော့ မာနထောင်လွှားတဲ့အခါ ဘုရားကို သိဖို့အတွက်၊ နီးစပ်ဖို့အတွက်၊ ကျေးဇူးတော်တွေ ချီးမွမ်းဖို့အတွက် အဟန့်အတားတွေ ဖြစ်လာတယ်။ ကျွန်ုပ်တို့ နှိမ့်ချလေလေ၊ ရိုးသားလေလေ ဘုရားကို ချီးမွမ်းရတာ ပိုပြီးနီကပ်တယ်။ ဘုရားကို သိဖို့ ပိုပြီးလွယ်ကူတယ်။ ဆက်ပြီးရရှိမဲ့ ကောင်းကြီးတွေ အတွက်လည်း အံ့ဖွယ်ဖြစ်နေတယ် ဆိုတာကို သိမှတ်ကြစို့။

#Fr.ရောဘတ် ကျော်သူ (MSP)

Daily Reflection