Mt 12: 14-21 မှာ ဘုရားရဲ့ အစီအမံနဲ့ လူ့ရဲ့အကြံအစည်ကို ထောက်ရှုကြရအောင်။ အသိုင်းအဝိုင်းမှာ ကြည့်လိုက်မယ်ဆိုရင် လူတွေက အနည်းနဲ့အများ ကောက်ကျစ်တဲ့ သဘောတွေ ရှိတယ်ဆိုတာ တွေ့ရမယ်။ ဒါပေမဲ့ ခရစ်ယာန်ရဲ့ ယုံကြည်မှုမှာဆိုရင် ဘုရားသခင်က ဖန်ဆင်းတယ်။ ကောင်းကြီး ပေးတယ်။ လမ်းညွှန်ပေးတယ် ဆိုတာ သိထားတယ်။ ဒါပေမဲ့ လူရဲ့ကောက်ကျစ်မှုတွေနဲ့ ယှဉ်လိုက်ရင် ကျွန်ုပ်တို့ရဲ့ ဒီကောက်ကျစ်မှုက မထိရောက်ပါဘူး။ ဥပမာ- တစ်ပါးသူကို ကျိန်တာတွေ ဘာမှလုပ်လို့ မရဘူး။ ဒီနေ့ကျမ်းစာမှာ ဖာရီဇေဦးတွေက သခင်ခရစ်တော်ကို သေကြောင်း ကြံကြတယ်။ မနာလိုမှုတွေ ဖြစ်တယ်။ ဒီလို သေကြောင်းကြံမှုတွေ ဖြစ်လာတဲ့အခါ သခင်ခရစ်တော်က ဟေရှာယပရောဖက် ပြောထားတဲ့ကျမ်းနဲ့ ကိုးကားပြီး ပြောထားပါတယ်။ ငါ့ရဲ့ချစ်သား ၊ ငါကိုယ်တိုင် ရွေးတဲ့သူဖြစ်တယ်။ သူ့အပေါ်မှာ ငါ၏ဝိညာဉ်တော် ဆင်းသက်စေပြီး ယူဆောင်မယ်တဲ့။ ဒါကိုကြည့်ခြင်းအားဖြင့် ဘုရားကို ယုံကြည်ကိုးစားတဲ့ သူတိုင်းမှာ ဘုရားရဲ့ ဝိညာဉ်တော်က ဦးစီး၊ ဦးဆောင်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။ မနာလိုမှုတွေကြောင့် သူတစ်ပါးကို မကောင်းကြံစည်မှုဟာ အလဟဿဆိုတာ နားလည်ထားရမယ်။ ခရစ်ယာန်စိတ်ဓာတ်နဲ့ တွေးမယ်ဆိုရင်လည်း ဒါတွေဟာ မလုပ်သင့်တဲ့အရာတွေ ဖြစ်တယ်။ ကျွန်ုပ်တို့ ဘယ်လို စိတ်ထားရမလဲဆိုရင် သူမှားသည်ဖြစ်စေ၊ မိမိအပေါ် မကောင်းမှုတစ်ခုကို လုပ်သည်ဖြစ်စေ ခွင့်လွှတ်မှုနဲ့ သွားရမယ်။ ကိုယ်ကကြံတိုင်းလည်း ဖြစ်မလာဘူး။ ဘုရားက သူ့အပြစ်နဲ့ သူစီရင်လိမ့်မယ်။ ကျွန်ုပ်တို့က ကောင်းဖို့ အရေးကြီးတယ်။ ကျွန်ုပ်တို့ ခရစ်ယာန်စိတ်ဓာတ်ကို ပြရမယ်။ သူတစ်ပါး ကောင်းစားဖို့အတွက် တစ်ပါးသူကို မကျိန်ဖို့၊ သေကြောင်း မကြံဖို့က အရေးကြီးပါတယ်။ သူတစ်ပါးကို လုပ်မယ်ဆိုရင် မိမိကံကြမ္မာကို မိမိဖန်တီး သလိုပါပဲ။ ဘုရားရဲ့ ကျိန်ဆိုမှုကိုလည်း ဖိတ်ခေါ်ရာ ရောက်နေပါတယ်။ ကျွန်ုပ်တို့က သူတစ်ပါး ကောင်းစားဖို့အတွက် လုပ်ရမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မိမိကံကြမ္မာကို မိမိဖန်တီးရာ ရောက်ပါတယ်။
#Fr.ရောဘတ် ကျော်သူ (MSP)