Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-07-19 07:32:32
#ဇူလိုင်လ (၂၀)ရက် / အင်္ဂါနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်မာတေဦး (၁၂း ၄၆-၅၁)
#Fr.ရောဘတ် ကျော်သူ (MSP)
Posted by M Sulatthtwe

Mt 12: 46-51 မှာ ဘယ်သူတွေက ဘုရားသခင်ရဲ့ မိသားစုဝင်တွေလဲဆိုတာ သိရပါတယ်။ ကျွန်ုပ်တို့ ဘဝသက်တာမှာ မိသားစုဆိုရင် လူတိုင်းလူတိုင်း တန်ဖိုးထားတတ်ကြတယ်။ ပထမဦးဆုံး သွေးသားအရ တည်ဆောက်ထားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ဒီနေ့ သခင်ခရစ်တော်က မိသားစုဆိုတဲ့ စကားလုံးကို ပိုပြီးမှ အကျယ်ချဲ့ပြီး ပြောပါတယ်။ သူတရားဟောနေတဲ့အချိန် သင့်ရဲ့မောင်နှမတွေ၊ အစ်မတွေ လိုက်ရှာနေတယ်လို့ ပြောတဲ့အခါမှာ ငါ့ရဲ့ညီအစ်ကို မောင်နှမတွေ ဘယ်မှာလဲလို့ ထောက်ပြလိုက်တယ်။ ဆိုလိုချင်တာက မိသားစုလို့ ပြောလိုက်တဲ့အခါမှာ မြင်နေရတဲ့ အသွေးအသားနဲ့ ဆက်စပ်ထားတဲ့ မိသားစုထက် ဝိညာဉ်ရေး (Spiritual Family) ဆိုတာက ပိုအရေးကြီးပါတယ်။ ဒီနေ့ သခင်ခရစ်တော် အတိအလင်း ပြောထားတဲ့ တစ်ခုက ဘာလဲဆိုတော့ ငါ့ရဲ့တကယ့် အမေ၊ ငါ့ရဲ့တကယ့် မောင်နှမတွေ ဆိုတာက those who do the will of Father လို့ပြောထားတယ်။ ဘုရားသခင်ရဲ့ အလိုကို လိုက်နာဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေဟာ ငါ့ရဲ့မောင်နှမတွေ ဖြစ်တယ်တဲ့။ သူတရား ဟောနေတဲ့အချိန်မှာ သူ့ရဲ့ဆွေမျိုးတွေဟာ အနည်းအကျဉ်းလောက်ပဲရှိမယ်။ သူစိမ်းတွေက ပိုများမယ်။ ဒါပေမဲ့ သူဟောနေတဲ့တရားကို နားထောင်ပြီးတော့ သူ့ရဲ့ တရားကို လိုက်နာတဲ့ ပုဂ္ဂိုလ်တွေဆိုတာ ဒီလူတွေပါပဲ။ သူတို့တကယ်လို့ ဝိညာဉ်ရေးရာနဲ့ ပတ်သက်ပြီးတော့ နှီးနှောဖလှယ်ခြင်း ဝိညာဉ်ရေးရာနဲ့ ပတ်သက်ပြီးတော့ နားထောင်ခြင်းရှိတဲ့အခါ တကယ့် မိသားစုဝင်တွေ ဖြစ်တယ်။ ဘုရားရဲ့မောင်နှမတွေ ဖြစ်တယ်ဆိုတာ သိထားဖို့ အရေးကြီးတယ်။ ကျွန်ုပ်တို့အနေနဲ့ကတော့ သွားလေရာမှာ ခင်မင်ရာ ပုဂ္ဂိုလ်တွေနဲ့ မိသားစု တော်စပ်လို့ရတယ်။ ဒါထက်ပိုပြီး လေးနက်တာကတော့ ဘုရားသခင်နဲ့ မိသားစုတော်ဖို့ အရေးကြီးပါတယ်။ ဘုရားသခင်ရဲ့  ညီအစ်ကို၊ ဘုရားသခင်ရဲ့ မိဘဖြစ်ဖို့ အရေးကြီးတယ်။ ဒီမှာ လိုအပ်တဲ့အရာက ဘုရားရဲ့ ဒေသနာ တရားတွေကို လိုက်နာဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။

#Fr.ရောဘတ် ကျော်သူ (MSP)

Daily Reflection