Mt 13: 24-30 မှာ ကောင်းကင်နိုင်ငံနဲ့ ပတ်သက်ပြီး ဥပမာနဲ့ ရှင်းပြထားပါတယ်။ လယ်သမား တစ်ဦးဟာ မျိုးစေ့တွေရွေးပြီး ကြဲလိုက်တယ်။ သူကြဲတဲ့ မျိုးစေ့နဲ့ ပေါင်းပင်တွေရောပြီး ပေါက်လာတယ်တဲ့၊ အဆုံးသတ်ပွဲမှာ ခွဲခြားမယ်။ ပေါင်းပင်တွေကို မီးရှို့တယ်တဲ့။ ပထမတစ်ချက် အနေနဲ့ ထောက်ရှုကြည့်ရအောင်။ ကျွန်ုပ်တို့ဘဝမှာ စိုက်ပျိုးတယ်ဆိုတာ ရှိသလို ရိတ်သိမ်းတယ် ဆိုတာလည်း ရှိတယ်။ ဒီရိတ်သိမ်းချိန်မှာလည်း ရွေးချယ်ခြင်း ဆိုတာရှိတယ်။ ဘာပဲစိုက်စိုက် ကျွန်ုပ်တို့က ရိတ်သိမ်းရတယ်။ ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ်၊ ဒါကြောင့် ဒီနေ့မှာ ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်ကို စိုက်ပျိုးခြင်း ဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ နှလုံးသားထဲမှာ နှုတ်ကပါတ်တော်ကို စိုက်ပျိုးတယ် ဆိုရင်တော့ နတ်ဆိုး၊ နတ်မိစ္ဆာတွေရဲ့ ဖြားယောင်းခြင်းတွေ စုံစမ်းခြင်းတွေကို ခုခံနိုင်ပြီး အဆုံးသတ်မှာ အကောင်းဆုံး ရိတ်သိမ်းရလိမ့်မယ်။ ဒုတိယတစ်ချက်ကတော့ Freedom လွတ်လပ်ခြင်း ဖြစ်တယ်။ ပေါင်းပင်တွေ နှုတ်ရမလားလို့ မေးတဲ့အခါမှာ မနုတ်နဲ့ ကြီးထွားပါစေဆိုတဲ့ လွတ်လပ်ခြင်းကို ပေးတာ ဖြစ်တယ်။ ဒီတော့ ကျွန်ုပ်တို့ ဘဝသက်တာမှာ ကလေးတစ်ယောက်လို ဒါလုပ်ပါ၊ ဒါမလုပ်ပါနဲ့လို့ အမြဲတမ်း ရှိနေမှာ မဟုတ်ဘူး။ ကျွန်ုပ်တို့ကို လွတ်လပ်ခြင်းနဲ့ အသိတရားတွေ ပေးထားတယ်။ ဒီတော့ ကျွန်ုပ်တို့ လွတ်လပ်ခြင်းကို ဘယ်လို အသုံးချမလဲ ဆိုတာပဲ အရေးကြီးတယ်။ ကျွန်ုပ်တို့ဘဝမှာ အမြဲဖြစ်ပျက်နေတဲ့ ကောင်းတာတွေရော၊ ဆိုးတာတွေရော ဖြတ်ကျော်တဲ့ အခါမှာ သတိဝင်ရမှာက ကျွန်ုပ်တို့ အထဲမှာ အမှိုက်တွေဖြစ်တဲ့ မကောင်းတဲ့ အရာတွေကို သတိမူပြီး ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်တွေကို လွတ်လပ်ခြင်းနဲ့ ရွေးချယ်သင့်တယ်။ ဘုရားရဲ့ နှုတ်ကပါတ်တော်ကို ရှင်သန်နိုင်အောင် ကျွန်ုပ်တို့က လွတ်လပ်စွာနဲ့ ပြုစုသင့်တယ်။ ဒီအခါမှာ ကောင်းကင်နိုင်ငံတော် ဆိုတဲ့အရာကို ပြန်သွားတဲ့အခါမှာ ကျွန်ုပ်တို့ စိုက်ထားတဲ့ ဘုရားရဲ့ နှုတ်ကပါတ်တော်က အဆုံးအဖြတ် ပေးလိမ့်မယ်။ ကျွန်ုပ်တို့ လွတ်လပ်မှုကို အလွဲသုံးစား လုပ်မိမယ်၊ အကောင်းဆုံး မလုပ်ခဲ့ဘူးဆိုရင် ဘဝသက်တာမှာ အကောင်းဆုံး ရိတ်သိမ်းနိုင်မှာ မဟုတ်ဘူး။ ကောင်းကင်နိုင်ငံတော်ကိုလည်း ဆွတ်ခူးနိုင်မှာ မဟုတ်ဘူး။ စံစားနိုင်မှာ မဟုတ်ပါဘူး။
#Fr.ရောဘတ် ကျော်သူ (MSP)