ပထမကျမ်းမှာ ဗာလ် ရှလိရှဆိုတဲ့ ပုဂ္ဂိုလ်က ဧလိရှဆီကို ပေါင်မုန့် အလုံး (၂၀) ယူလာပါတယ်။ ဒီအခါမှာ ဧလိရှက ပြောတယ်။ လူတွေကို ပေးလိုက်ပါ။ ကျွေးလိုက်ပါလို့ ပြောတယ်။ ဒီလူအုပ်ကြီးကို ဘယ်လိုကျွေးနိုင်မလဲ။ မလောက်ဘူးလို့ ဆင်ခြေပေးတယ်။ ဧလိရှက ကျွေးသာကျွေးလိုက်ပါဆိုပြီး ဘုရားသခင်ရဲ့ နာမနဲ့ အမိန့်ပေးလိုက်တယ်။ လူတွေ စားသောက်ရုံမက အများကြီး ပိုပါတယ်။ ဒုတိယကျမ်းစာဖြစ်တဲ့ ဧဖက်ဆုစာစောင် (4: 1-6)မှာ သံပေါလူးက Community Spirit, Family Spirit ဆိုတဲ့ အဖွဲ့အစည်း စိတ်ဓာတ်၊ မိသားစု စိတ်ဓာတ် အကြောင်းကို ပြောထားပါတယ်။ ကျွန်ုပ်တို့ တစ်ယောက်နဲ့ တစ်ယောက် နှိမ့်နှိမ့်ချချနဲ့ ဆက်ဆံရမယ်၊ ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံရမယ်။ စိတ်ရှည်သည်းခံစွာနဲ့ ပေါင်းသင်းရမယ်၊ ယဉ်ကျေးသိမ်မွေ့မှုတွေနဲ့ ဆက်ဆံရမယ်၊ ငြိမ်းချမ်းခြင်းတွေနဲ့ အဖွဲ့အစည်းမှာ ဖော်ဆောင်ရမယ်လို့ ပြောတယ်။ ဘာဖြစ်လို့ ဒီလို ကျွန်ုပ်တို့ လုပ်နေရသလဲဆိုရင် အကြောင်းအရင်းကို ပြောပြတဲ့အခါ ကျွန်ုပ်တို့ ကိုးကွယ်တာ ဘုရားတစ်ဆူပဲတဲ့ (One Lord). ကျွန်ုပ်တို့မှာ ရှိတာက One Faith. ကျွန်ုပ်တို့ဟာ ဆေးကြောခြင်းကြောင့် ဖြစ်လာတဲ့ မောင်နှမ၊ သားသမီးတွေဖြစ်ခြင်းကြောင့်ပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ သွားရမဲ့ခရီးက အတူတူပဲ။ သွားရမဲ့ နေရာကလည်း အတူတူပဲ။ ကျွန်ုပ်တို့ကို ဦးဆောင်တဲ့ ဘုရားကလည်း တစ်ဆူပဲ။ ဒါကြောင့် ကျွန်ုပ်တို့မှာ ကွဲပြားစရာအကြောင်း မရှိဘူး။ တစ်စိတ် တစ်ကိုယ်တည်းထဲမှ နေထိုင်အသက်ရှင်ပါဆိုပြီး ပြောထားပါတယ်။
ဧဝံဂလိကျမ်းစာမှာ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကနေ လူထုကြီးကို ကျွေးမွေးတဲ့အကြောင်းကို တွေ့ရတယ်။ ဒီတော့ ကျွန်ုပ်တို့ ဘဝသက်တာမှာ ဆာလောင်မှုဆိုတာ အမြဲတမ်းရှိတယ်။ အသက်ရှင်နေတဲ့ အခါမှာ စားစရာဆိုတာလည်း လိုတယ်။ ကျွန်ုပ်တို့ ဆာလောင်မှုတွေက ဘာတွေလဲလို့ ကျွန်ုပ်တို့ တွေ့တဲ့အခါကြတော့ ခန္ဓာကိုယ် ဆာလောင်မှု ရှိတယ်။ ဝမ်းနည်းနေတဲ့အခါ ခွန်အားပေးမဲ့ စိတ်ဓာတ် ဆာလောင်မှုတွေ ဖြစ်မယ်။ ခရစ်တော်က သူ့ရဲ့ တပည့်တော်တွေနဲ့ လူထုကြီးကို မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကို ကျွေးတဲ့အခါမှာ ခြင်းတောင်း (၁၂)လုံးတောင် ပိုသေးတယ်လို့ ပြောတယ်။ ဒီနေရာမှာ ထောက်ရှုရမှာက ကျွန်ုပ်တို့ ဘာတွေပဲ ဆာငတ်နေပါစေ။ ကျွန်ုပ်တို့ရဲ့ ဆာငတ်မှုက မှန်ကန်ဖို့ အရေးကြီးတယ် ဆိုတာကို ထောက်ပြတယ်။ ဒုတိယတစ်ချက်ကတော့ ဒီဆာလောင်ခြင်းကို ဖြည့်ဆည်းပေးနိုင်တာက ဘယ်သူလဲဆိုတော့ ဘုရားသခင်ဆိုတာ ကျွန်ုပ်တို့ တွေ့ရပါတယ်။ ဒီနေ့ ဒီလူအုပ်ကို မြင်အောင်ကြည့်ပါ။ ခရစ်တော် မရှိဘူးဆိုရင် ဒီအရာ မဖြစ်လာနိုင်ဘူး။ ကျွန်ုပ်တို့ ဆာလောင်တယ် ဆိုတဲ့ အရာပဲဖြစ်ဖြစ်၊ လိုအပ်တဲ့အရာပဲ ဖြစ်ဖြစ် ဘုရားပါတဲ့အခါမှာ အကုန်လုံးက ပြည့်စုံတယ်။ Christ Jesus is the true bread. ပေါင်မုန့်လို့ ပြောတဲ့အခါမှာ ပုံဆောင်ခဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ဆာလောင်တယ် ဆိုတဲ့ နေရာမှာ ပြဿနာလည်း ဖြစ်နိုင်တယ်။ လိုအပ်မှုလည်း ဖြစ်နိုင်တယ်။ Bread လို့ ပြောတဲ့အခါမှာလည်း ဆုတောင်းတဲ့ အခါမှာ ကောင်းကင်ဘုံမေတ္တာမှာလည်း ပါပါတယ်။ give us this day our bread လို့ ပြောပါတယ်။ ကျွန်ုပ်တို့ ဘဝမှာ ခန္ဓာကိုယ်အရသော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ ဝိညာဉ်ရေးမှာ သော်လည်းကောင်း လိုအပ်မှုတွေ ရှိတယ်။ ဒီလိုအပ်မှုတွေကို ဖြည့်ဆည်းပေးနိုင်တာက the truth bread (Jesus) ပဲဖြစ်တယ်။ ကျွန်ုပ်တို့ဘဝသက်တာမှာ ဘုရားအမြဲ ရှိနေမယ်ဆိုရင် များစွာကို ဖြည့်ဆည်းပေးနိုင်တယ်။ လိုအပ်မှုကိုလည်း ရနိုင်တယ်။ ဒီတော့ သွားလေရာမှာ သော်လည်းကောင်း၊ လုပ်ဆောင်တဲ့ နေရာမှာ သော်လည်းကောင်း၊ နေထိုင်တဲ့ အသိုင်းအဝိုင်းမှာ သော်လည်းကောင်း ခရစ်တော် ရှိနေဖို့ အရေးကြီးတယ်။ ခရစ်တော်ကို နေရာပေးမယ်။ သူ့ကို တောင်းဆိုမယ်။ ချဉ်းကပ်မယ်ဆိုရင်၊ လုပ်ပိုင်ခွင့်ပေးလိုက်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ ဆာလောင်ခြင်းတွေ ရပ်တန့်သွားမှာ ဖြစ်ပါတယ်။
#Fr.ရောဘတ် ကျော်သူ (MSP)