Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-07-30 09:56:54
#ဇူလိုင်လ (၃၁)ရက် / စနေနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်မာတေဦး (၁၄း ၁-၁၂)
#Fr.ရောဘတ် ကျော်သူ (MSP)
Posted by M Sulatthtwe

Mt 14: 1-12မှာ ကြည့်မယ်ဆိုရင် ခရစ်တော် ဟောပြောတာ၊ ကုသတာတွေကို ဟေရုဒ်မင်းကြီးက ကြားတဲ့အခါမှာ သူ့ရဲ့စိတ်ထဲမှာ ဘာဖြစ်လဲဆိုတာကို သိရတယ်။ အဲတာက ဘာလဲဆိုတော့ ​ဟေရုဒ်မင်းကြီးက အတိတ်မှာ John the Baptist ကိုထောင်ချခဲ့တယ်။ ခေါင်းဖြတ်ခဲ့တယ်။ ဒီနေရာမှာ ဟေရုဒ်မင်းကြီးရဲ့ စိတ်ခြောက်ခြားမှုကို ခံစားလို့ရတယ်။ ဆိုလိုချင်တာ သူ့လုပ်ရပ်တစ်ခုက မသန့်ရှင်းတဲ့အခါမှာ၊ တရားမမျှတတဲ့အခါမှာ ဒါတွေက သူ့ကိုပြန်ပြီး ခြောက်လှန့်နေတယ် ဆိုတာကို တွေ့ရပါတယ်။ ကျွန်ုပ်တို့ဘဝမှာ တိုက်ပွဲတွေ အမြဲကြုံရပါတယ်။ တစ်ခုခုကို ရင်ဆိုင်တိုက်ထုတ် နေရပါတယ်။ ဒီလိုတိုက်ပွဲတွေ အများကြီး ရှိနေပေမဲ့လည်း အပြင်းထန်ဆုံး တိုက်ပွဲက ဘာလဲဆိုတော့ အတိတ်က မကောင်းမှုတွေကို ကျွန်ုပ်တို့ တိုက်ထုတ်ရပါတယ်။ ဒီလိုစိတ်ခြောက်ခြားစရာ မကောင်းမှုတွေကို လုပ်ခဲ့တယ်ဆိုရင် ခြောက်ခြားမှုတွေကို ရင်ဆိုင်ရပါတယ်။ ဒီလိုကြောက်ရွံ့မှုတွေကို တိုက်ထုတ်တဲ့အခါမှာ ကျွန်ုပ်တို့ အကူအညီ လိုပါတယ်။ ဒီအကူအညီတွေကို ပေးနိုင်တာက ဘယ်သူလဲဆိုတော့ ဘုရားသခင်ပဲ ရှိပါတယ်။ ဟေရုဒ်မင်းကြီးက သူ့ရဲ့အတိတ်ကြောင့် သူ့ဘဝမငြိမ်းချမ်းဘူးဆိုတာ တွေ့ရတယ်။ သူ့ဘဝမှာ ငြိမ်းချမ်းဖို့ဆိုရင် ခွင့်လွှတ်မှုတွေ ခံစားရဖို့ အရေးကြီးတယ်။ ဒီတော့ သူက ဒီခြောက်ခြားမှုတွေကို ဘုရားနဲ့ တိုက်ထုတ်ရမှာ ဖြစ်တယ်။ ဆိုလိုချင်တာက ဘုရားနဲ့ Peace ဖြစ်ရမယ်။ ပြန်တောင်းပန်ရမယ်။ ဘုရားသခင်ရဲ့ သနားခွင့်လွတ်ခြင်းနဲ့အတူ ငြိမ်းချမ်းခြင်းကို ပြန်ရမှာဖြစ်တယ်။ ဘုရားရဲ့ ကျေးဇူးတော်အားဖြင့် ခြောက်ခြားမှုတွေကို တိုက်ထုတ်ပြီးတော့ ငြိမ်းချမ်းခြင်းကို ရရှိမှာဖြစ်တယ်။ တိုက်ထုတ်နည်းကိုကြည့်တော့ အင်္ဂလိပ်စကားလုံးတစ်လုံး ရှိပါတယ်။ (Fight fear with faith) ဘဝမှာ တိုက်ပွဲတွေ အများ​ကြီး တွေ့ရတဲ့အခါ တိုက်လို့အခက်ဆုံးဖြစ်တဲ့ စိတ်ရဲ့တုန်လှုပ်မှုတွေကို ယုံကြည်ခြင်းနဲ့ တိုက်ရမယ်။ တိုက်ပွဲအားလုံးကို နိုင်ကောင်းနိုင်မယ်။ ဒါပေမဲ့ အတိတ်ရဲ့ မကောင်းမှုတွေကို နိုင်ဖို့ဆိုတာ ကိုယ့်ရဲ့ခွန်အားနဲ့ အဆင်မပြေပါဘူး။ ဘုရားရဲ့ ကျေးဇူးတော်တွေကို တောင်းခံရမှာဖြစ်တယ်။ ဘုရားရဲ့ ကျေးဇူးတော်ကို ရဖို့ဆိုရင် ယုံကြည်ခြင်းနဲ့ ဝန်ချတောင်းပန်မယ်ဆိုရင် ဘုရားရဲ့ ခွင့်လွှတ်ခြင်းက ငြိမ်းချမ်းခြင်း ရရုံမက ကျွန်ုပ်တို့ကို သန့်ရှင်းမွန်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြန်ပြီးမွေးဖွား သန့်စင်စေတယ်။ နောက်ဆုံးအနေနဲ့ ကောင်းကင်ချမ်းသာကိုလည်း ကျွန်ုပ်တို့ကို စံစားခွင့်ပေးမှာဖြစ်တယ်။

#Fr.ရောဘတ် ကျော်သူ (MSP)

Daily Reflection