Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-09-04 08:26:46
#စက်တင်ဘာလ (၅)ရက် / တနင်္ဂနွေနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်မာကု (၇း ၃၁-၃၇)
#Sr.Regina Htoo Htoo (RGS)
Posted by M Sulatthtwe

“ကိုယ်တော်သည် ကောင်းကင်သို့ မျှော်ကြည့်၍ ‘အက်ဖဲတာ’ဟု မိန့်တော်မူ၏။ အဓိပ္ပါယ်ကား ပွင့်စေလော့ဟူသတည်း။” သမ္မာကျမ်းစာတော်မှာ ခရစ်တော်သခင် အနာရောဂါမျိုးစုံ ကုသခြင်းကို တွေ့မြင်ရပြီး ဒီနေ့ ခရစ်တော်သခင် ဆွံ့အနားမကြားသူကို  ကုသခြင်းမှာ သာမန်ထက် ထူးခြားတာကို တွေ့ရတယ်။ ကိုယ်တော်ရှင် သူ့ကို လူအစုအဝေးကနေ သီးခြားခေါ်သွားပြီး နားမကြား သူရဲ့နားထဲ လက်ချောင်းကို သွင်းသလို ကိုယ်တော်ရဲ့ တံတွေးနဲ့ ထိုသူ့လျှာကို တို့တယ်။ ကောင်းကင်ကို မျှော်ကြည့်ပြီး ကိုယ်တော်က “အက်ဖဲတာ” “ပွင့်စေလော့” လို့ အမိန့်ပေးတယ်။ “ပွင့်စေလော့”ဆိုတဲ့ အသုံးအနှုန်း ကြည့်ခြင်းအားဖြင့် ခရစ်သခင် ပြတ်သားတဲ့ အမိန့်ကို သြဇာအာဏာ အပြည့်နဲ့ မိန့်တော်မူတယ်။ ဒီအဖြစ်အပျက်ကနေ ခရစ်တော်သခင်ရဲ့ ဘုန်းတန်ခိုးတော် အာဏာကို တွေ့ရပြီး ကိုယ်တော်ရှင် ကိုယ်တိုင် မိမိဆန္ဒအတိုင်း  ဘုန်းတန်ခိုးတော် အာဏာနဲ့ ကုသခြင်းကို လက်တွေ့ လုပ်ဆောင်လိုခြင်း ဖြစ်တယ်။ ကျွန်ုပ်တို့ အားလုံးအတွက် လေးနက်တဲ့ သတင်းစကား ပါရှိတယ်။ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ထဲမှ ချို့ယွင်းမှုကြောင့် ကုသဖို့လိုတဲ့ နား၊ လျှာတွေ သာမက အတွင်းနှလုံးသား (ဝိညာဥ်) ဆွံ့အ ပိတ်ဆို့မှုတွေကိုပါ ကုသပေးနိုင်တယ်ဆိုတဲ့ သတင်းစကားပါ။ နားမကြား စကားမပြောနိုင် သူတွေအတွက် အမူအရာနဲ့ ပြောနိုင်ပေမယ့် လူ့အသိုင်းအဝိုင်းမှာ ဆုံးရှုံးမှုတွေ အများကြီး ရှိနိုင်တယ်။ နေရာတိုင်းမှာ ဝင်ဆန့်ဖို့ အခက်အခဲ ရှိတယ်။ ဒီလိုဘဲ ကျွန်ုပ်တို့ရဲ့ အတွင်းဝိညာဥ်မှာ ဘုရားရဲ့ နှုတ်ကပတ်တော်ကို မကြားနိုင်လောက်အောင် အပြစ်အနာအဆာနဲ့ ပိတ်ဆို့နေခဲ့ရင် ယုံကြည်သူတို့ရဲ့ အဖွဲ့အစည်းမှာ တကိုယ်ထဲ အထီးကျန် နေတတ်တယ်။ တကယ်တော့ ဘုရားရဲ့  နှုတ်ကပတ်တော်ကို ကြားနိုင်ဖို့ ကိုယ့်ဘဝမှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့ကို ကိုယ့်မိသားစု ပတ်ဝန်းကျင် အသင်းတော် စသည်တို့မှာ တထူးတခြား အခွင့်အရေး အနေနဲ့ ရရှိပြီး ဖြစ်တယ်။ ကိုယ်တော်လို ပြုသမျှ အရာတိုင်းမှာ အကောင်းဆုံးပြုဖို့၊ ခရစ်တော်သခင်ရဲ့ ကုသခံခြင်းကနေ လူသား အချင်းချင်းလည်း  အပြန်အလှန် မေတ္တာထားပြီး အချင်းချင်း အကျိုး ကုသိုလ် ခံစားကြဖို့ ဖြစ်တယ်။ ဒီနေ့ ကျမ်းစာကို အခြေခံပြီး လက်တွေ့ဘဝနဲ့ ထောက်ရှု စဥ်းစားမယ်ဆိုရင် အင်မတန် ဝမ်းနည်းစရာ ကောင်းတာက တရားသဘော  မဆောင်ဘဲ တစ်ဖက်မက နှစ်ဖက်ပိတ် နားတွေနဲ့  မိသားစုမှအစ ကြီးမားတဲ့ လူ့အသိုင်းအဝိုင်းမှာ ဦးဆောင်မှု ပြုနေသူတွေကြောင့် လူ့အသိုင်းအဝိုင်း တစ်ခုလုံး မြေဇာပင် ဖြစ်နေရတယ်။ ငယ်ရွယ်သူတွေရဲ့  အနာဂတ်လည်း ပျောက်လုမတတ် ဖြစ်နေတယ်။ ကျွန်ုပ်တို့ မိသားစု၊ နိုင်ငံနဲ့ ကမ္ဘာတစ်ခုလုံး မကျန်းမာ ဖြစ်ရခြင်းဟာ ကျွန်ုပ်တို့ တစ်ဦးချင်းရဲ့ တစ်ဖက်ပိတ် နားတွေကနေ စ,တယ်ဆိုတာ နှိမ့်ချခြင်းနဲ့ ဆင်ခြင်ရင် မမှားဘူးပေါ့။ ဒါကြောင့် ကိုယ့်ဘဝရဲ့  အပြုအမူတိုင်းကို သခင်အမိန့်တော်အတိုင်း၊ သခင့်ရဲ့  သန့်ရှင်းပြီး မြင့်မြတ်သော အာဏာတန်ခိုးနဲ့ အုပ်စိုးဖို့ ပြန်လည် ကုသခြင်း ခံယူကြပါစို့။

ကိုယ်တိုင် နားကြားနိုင်စွမ်း အပြည့်အဝ ရှိပေမယ့် တရားတော်ကို မကြားဘဲ လျှစ်လျှူရှုခဲ့ပြီး သင်ယူစရာတွေကို တန်ဖိုးမထားမိတဲ့ အချိန်တွေအတွက် စစ်မှန်တဲ့ နောင်တယူဖို့ အဆင်သင့် ဖြစ်ပြီလား?

#Sr.Regina Htoo Htoo (RGS)

Daily Reflection