Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-09-06 06:43:11
#စက်တင်ဘာလ (၇)ရက် / အင်္ဂါနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်လုကာ (၆း ၁၂-၁၉)
#Sr.Regina Htoo Htoo (RGS)
Posted by M Sulatthtwe

“ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ တစ်ညလုံး ဆုတောင်းပတ္တနာ ပြုတော်မူ၏” ခရစ်တော်သခင် အဖခမည်းတော် ဘုရားထံ ဆုတောင်းခြင်းအားဖြင့် ဆက်သွယ်ပြီး ဝိညာဥ်တော်ဘုရားနဲ့ တစ်လုံးတစ်ဝတည်း ရှိတာကို ဧဝံဂေလိကျမ်းစာမှာ မကြာခဏ တွေ့ရတယ်။ ခရစ်တော် တောင်ပေါ်ကို တက်ပြီး တစ်ညလုံး ဆုတောင်း ပတ္တနာ ပြုတော်မူကြောင်း  ဒီနေ့ကျမ်းစာမှာ ဖေါ်ပြထားတယ်။ ဒီနေ့ အချိန်အကြာကြီး ပေးပြီး ဆုတောင်းခြင်း အမှုကနေ သင်ယူစရာ များစွာ ရှိပါ တယ်။ မကြာခင်မှာ ခရစ်တော်နဲ့အတူ ဧဝံဂေလိ သတင်းကောင်းကို နေရာအနှံ့  ပျံ့နှံ့စေဖို့ တပည့်တော်ကြီးတွေကို ရွေးချယ်တော့မှာ ဖြစ်တဲ့အတွက် အင်မတန် အရေးကြီးတဲ့  ဆုံးဖြတ်ချက် မပြုခင် ခရစ်တော်သခင် ခမည်းတော်ဘုရားထံ ဆုတောင်းခြင်း ဖြစ်တယ်။ ကိုယ်တော်အတွက် ကြာမြင့်တဲ့အချိန် မလိုအပ်ပေမယ့် ကျွန်ုပ်တို့ကို ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားနဲ့ လေးနက်သော ဆက်သွယ်မှု ရှိဖို့လိုကြောင်း သွန်သင်လိုတယ်။ ဘုရားသခင် ကျွန်ုပ်တို့ကို ဖန်ဆင်းထားခြင်း ရည်ရွယ်ချက်အတိုင်း သူ့ကိုချစ်ဖို့၊ သိဖို့၊ အလိုတော် သိရှိပြီး အစေခံဖို့ ဆုတောင်းခြင်း မပြုဘဲ ဘယ်လိုမှ မရကြောင်း သိစေလိုတယ်။ ကျွန်ုပ်တို့ နေ့စဥ် စားဝတ်နေရေး အတွက် ကြိုးပမ်းတဲ့အခါ ဘုရားကို အချိန်ပေးဖို့ နည်းလာကြတယ်။ ၂၁ရာစု ဘဝတာ အသက်ရှင်မှုမှာ စိန်ခေါ်မှုနဲ့အတူ လောကီ အရေးတွေအတွက် ပိုဦးစားပေးစရာတွေ များနေတော့ ဘုရားနဲ့ အချိန်ပေးပြီး ဆက်သွယ်ဖို့   ကြိုးစားမှု နည်းလာတယ်။ ဒီနေ့ ကျမ်းစာအားဖြင့် ခရစ်တော်သခင် ကိုယ်တိုင်ပြုသော အထူးသဖြင့် ဆိတ်ငြိမ်ခြင်း အချိန်မှာ ဘုရားနဲ့ တစ်လုံးတစ်ဝတည်း ရှိခြင်းကြောင့် ရရှိတဲ့ ထူးခြားသော ကျေးဇူးများကို သိစေလိုတယ်။ ခရစ်တော် တောင်ပေါ်က ဆင်းပြီး တောင်ခြေကို ရောက်တဲ့အခါ တပည့်တော်တို့ရဲ့  အစုအဝေး အပြင် ဂျူဒေယပြည် အရပ်ရပ်နဲ့ ဂျေရုဆလင်က လူတွေ၊ ပင်လယ်ကမ်းခြေရှိတဲ့ တီရာနဲ့ စီဒွန်မြို့က လူတွေ ကိုယ်တော့် တရားကို နာဖို့နဲ့ အနာရောဂါ ကုသခြင်းရဖို့ လာရောက်ကြတယ်။ နာဇရက်မြို့သား ခရစ်တော်သခင်က သာမန်အရပ်က ဖြစ်ပေမယ့် သူ့ရဲ့ သတင်းတော်က နေရာအနှံ့ ပျံ့နေပြီး သခင်ခရစ်တော်ရဲ့ ဘုန်းတန်ခိုးတော်နဲ့ ကုသနိုင်ခြင်းကြောင့် ကိုယ်တော်ကို တို့ထိဖို့ ကြိုးစားသူ များစွာ ရှိနေတယ်။ ခရစ်တော်ရဲ့ မကြာခဏ ဆုတောင်းတဲ့ အလေ့အကျင့်က လူများစွာရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်ပြီး ယုံကြည်မှု တိုးစေတယ်ဆိုတာ မမှားပါဘူး။ ဒီနေ့ ဘုရားရှင် ကျွန်ုပ်တို့ကို နေ့စဥ် အသက်တာမှာ ခရစ်တော်ကို စံပြုပြီး ဆုတောင်းခြင်းအချိန် တိုးမြှင့်ဖို့ ဖိတ်ခေါ်နေတယ်။ မိမိကိုယ်တိုင်ဦးစွာ ကိုယ်တော်ရဲ့ ကုသခြင်းကို ခံယူပြီး အားနည်းသူတွေ၊ အကူအညီ လိုသူတွေ၊ မေတ္တာငတ်သူတွေကို ခရစ်တော်လို ကိုယ်ချင်းစာတရားနဲ့ ကူညီလမ်းပြသူ ဖြစ်ရဲ့လား?

#Sr.Regina Htoo Htoo (RGS)

Daily Reflection