Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-09-10 06:58:31
#စက်တင်ဘာလ (၁၁)ရက် / စနေနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်လုကား (၆း ၄၃-၄၉)
#Sr.Regina Htoo Htoo (RGS)
Posted by M Sulatthtwe

“ကျောက်ပေါ်၌ အုတ်မြစ်ချပြီးမှ အိမ်ကိုတည်ဆောက်ခြင်း” ဒီနေ့ သမ္မာကျမ်းစာရဲ့ ပထမပိုင်းက လူ့အတွင်း စိတ်နှလုံးမှာ သိမ်းဆည်းထားတဲ့ ကောင်းခြင်း၊ မကောင်းခြင်းပေါ် မူတည်ပြီး ကျွန်ုပ်တို့ရဲ့ အပြောအဆို အမူအရာ ကွဲပြားမှုတွေကို ဖေါ်ပြထားတယ်။ ခရစ်တော်သခင် တပည့်တော်ကြီးတွေကို “ကောင်းသော အပင်သည် မကောင်းသော အသီးကို မသီးနိုင်။ မကောင်းသော အပင်သည်လည်း ကောင်းသော အသီးကို မသီးနိုင်” လို့ပြောကြားပြီး အသီးကို ကြည့်ပြီး အပင်ရဲ့  အရည်အသွေးကို သိနိုင်ကြောင်း ဖေါ်ပြထားတယ်။ တဆက်ထဲမှာ “ငါပြောသော အရာကို မကျင့်ဘဲ အဘယ်ကြောင့် ငါ့ကို သခင်၊ သခင်ဟု ခေါ်ကြသနည်း” လို့ တပည့်တော်တွေကို မေးခွန်း ထုတ်လိုက်တယ်။ ကိုယ်တော်ထံ ချဥ်းကပ်ပြီး ကိုယ်တော်စကားကို ကြားနာရုံမက လိုက်နာ ကျင့်ကြံ သူတွေနဲ့ မကျင့်ကြံ သူတွေရဲ့ ကွဲပြား ခြားနားမှုကို အိမ်ဆောက်ထားပုံ နှစ်မျိုးနဲ့ နှိုင်းယှဥ်ပြတယ်။ အကျင့်ပါသော ယုံကြည်ခြင်းနဲ့ သခင်ခရစ်တော် နောက်လိုက်သူဟာ အုတ်မြစ် နက်နက်တူးပြီး ခိုင်မာတဲ့ ကျောက်ပေါ်မှာ အိမ်တည်ဆောက် ခြင်းကြောင့် ရေလွှမ်းမိုးပြီး ရေကြီးတဲ့အခါ ပြိုလဲလှုပ်ခါခြင်း မရှိခြင်းနဲ့ နှိုင်းယှဥ်ထားပြီး သခင်စကားကို ကြားပြီး မလိုက်နာ သူတွေကို အုတ်မြစ် မချဘဲ မြေပေါ်မှာ အိမ်ဆောက်ခြင်းကြောင့် ရေစီးတဲ့အခါ ချက်ချင်း ပြိုလဲသွားပုံနဲ့ နှိုင်းထားတယ်။ သမ္မာကျမ်းစာမှ တဆင့် ခရစ်တော်သခင်က ကျွန်ုပ်တို့ အားလုံးကို ဖိတ်ခေါ်နေတယ်။ မိမိရဲ့ နှလုံးအိမ်မှာ တည်ဆောက်ထားတဲ့ ယုံကြည်သက်ဝင်မှုနဲ့ ဆိုင်တဲ့ အခြေခံ အုတ်မြစ် အမျိုးအစားကို ပြန်ပြီး ဆန်းစစ်ဖို့ ဖိတ်ခေါ်ခြင်း ဖြစ်တယ်။ မိမိရဲ့ ဝိညာဥ်ရေးဆိုင်ရာ အခြေခံ အုတ်မြစ်ကို လေးနက်တဲ့ ယုံကြည်ခြင်းနဲ့ ဆုတောင်းခြင်းပေါ်မှာ တည်ဆောက်မယ်ဆိုရင် ခရစ်တော်သခင်နဲ့ အမြဲ ဆက်သွယ်ခွင့် ရပြီး  ခိုင်မာတဲ့ အုတ်မြစ်ပေါ်မှာ ကျွန်ုပ်တို့ ဘဝကို တည်ဆောက်ပြီးသား ဖြစ်နေတယ်။ ဒါကြောင့် ဘုရားရဲ့ အလိုတော်အတိုင်း ဆက်ပြီး အသက်ရှင်ချိန်မှာ မိမိဘဝ လုံခြုံပြီး ပြင်းထန်တဲ့ ဘဝမုန်တိုင်းဒါဏ်ကို ခံနိုင်မှာ ဖြစ်တယ်။ ဒါနဲ့ဆန့်ကျင်ပြီး ဘုရားမပါဘဲ မိမိကိုယ်ပိုင် အစွမ်းတစ်ခုထဲနဲ့ ဘဝကို တည်ဆောက်မယ်ဆိုရင် ကြုံတွေ့လာမယ့် ကြမ်းတမ်းသော မုန်တိုင်းနဲ့ နှောက်ယှက်ခြင်းတွေကို ခံနိုင်မှာ မဟုတ်ဘူး။

ချစ်သော မိတ်ဆွေတို့ ဒီနေ့ ကျွန်ုပ်တို့ မိမိကိုယ်ကို ပြန်ဆန်းစစ်ပြီး မေးခွန်း မေးရမှာက - ကိုယ့်ရဲ့ ဘဝကို ဘယ်အုတ်မြစ်ပေါ်မှာ တည်ဆောက် ထားပါသလဲ? တကယ်လို့များ ကိုယ့်အုတ်မြစ်က ခရစ်တော်သခင် အပေါ်  တည်ဆောက်ခြင်း မဟုတ်ဘူးဆိုရင် သခင့်ထံ ပြန်လှည့်လာပြီး ဘဝတစ်ခုလုံး ခရစ်တော်ထံ ပြန်လည် အပ်နှံကြပါစို့။

#Sr Regina Htoo Htoo (RGS)

Daily Reflection