Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-09-13 06:31:31
#စက်တင်ဘာလ (၁၄)ရက် / အင်္ဂါနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်ယောဟန် (၃း ၁၃-၂၁)
#Sr.Regina Htoo Htoo (RGS)
Posted by M Sulatthtwe

“လူသားသည်လည်း မြှောက်ထားခြင်း ခံရလိမ့်မည်” “ဘုရားသခင်သည် ဤလောကကို အပြစ် စီရင်စေခြင်းငှာ သားတော်အား လောကထဲသို့ စေလွှတ် တော်မူသည် မဟုတ်၊ သားတော်အားဖြင့် ကယ်တင်ခြင်း ခံရစေရန် စေလွှတ်ခြင်းသာ ဖြစ်သည်” ခရစ်တော်သခင် နီကိုဒေးမုနဲ့ စကားပြောရင်း ဒီအကြောင်းအရာတွေကို ဖေါ်ပြ ရှင်းလင်းခဲ့တယ်။ မိုးဇက်က ကြေးဝါ သတ္တုနဲ့ လုပ်ထားတဲ့ မြွေကို တိုင်မှာ မြှောက်ထားပြီး အသက်ချမ်းသာရဖို့ လူတွေကို ကြည့်စေသလို  သားတော် ကိုယ်တိုင်လည်း မိမိကို ယုံကြည်သူတို့ကို ထာဝရအသက် ရစေဖို့ ကားတိုင်ပေါ်မှာ မြှောက်ထား ခံရမယ့်အကြောင်း၊ သားတော်ကို ယုံကြည်သူတိုင်း ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ရဖို့ ဘုရားသခင်ဟာ မိမိရဲ့ တစ်ပါးတည်းသော သားတော်ကို စွန့်တဲ့အထိ လောကသားတို့ကို ချစ်တော်မူကြောင်း ဖေါ်ပြတယ်။ သားတော်ကို ငြင်းပယ်တဲ့လူဟာ “အလင်း” ကို ငြင်းပယ်ပြီး အမိုက်မှောင်ကို ချစ်မြတ်နိုးခြင်းကြောင့် သူတို့တွေ ပြုသော အမှုအတိုင်း စီရင်ခြင်း ခံရမယ် ဆိုတာ ပြောထားတယ်။ ခရစ်တော်သခင် ဒီလောကထဲ ဆင်းကြွလာခြင်းက အပြစ်သားတွေကို ကယ်တင်ဖို့ ဖြစ်ပြီး ကိုယ်တော်ဟာ ထာဝရအသက်ကို ရောက်ဖို့ လမ်းခရီး ဖြစ်တယ်။ ကျွန်ုပ်တို့ ခရစ်တော်ရဲ့ လမ်းကို ငြင်းခဲ့သော် ဆာတန်ရဲ့ အမှောင်လမ်းကို ရွေးခြင်း ဖြစ်တယ်။ လောကကို ကယ်တင်ဖို့ ကြွလာတဲ့ သခင်က သူ့လမ်းကို ငြင်းပယ် သူတွေကို ပြစ်ဒါဏ် ချမှတ်လိမ့်မယ် ဆိုတာ ဖေါ်ပြထားတယ်။ ကောင်းကင်နဲ့ ငရဲကို‌ ပြတ်ပြတ် သားသား အ‌ဖြေပေးဖို့ ခရစ်တော်ရဲ့ လမ်းခရီးက အင်မတန် အ‌ရေးကြီး ပါတယ်။လက်ဝါးကားတိုင် ပတ်သက်ပြီး ရှေးခေတ် လူ့သမိုင်း အဖြစ်အပျက်နဲ့ ဘာသာ အယူဝါဒ မရှိသူတွေ အတွက် မနှစ်မြို့ဖွယ်၊ အလွန် ဝမ်းနည်ဖွယ် အဖြစ် အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကြပေမယ့် ခရစ်ယာန်များ အားလုံးအတွက် ခရစ်တော်သခင်ရဲ့ ကားတိုင်တော်ဟာ အထွဋ်အမြတ် ဖြစ်တယ်။ ကျွန်ုပ်တို့ လူသားများရဲ့ အပြစ်လွှတ်ဖို့ ခရစ်တော်သခင် ကားတိုင်ပေါ်  ရက်စက်စွာ တင်ခြင်း ခံရပြီး သေခြင်းကို အောင်မြင်တဲ့ ဘုန်းတော်ရှင် ဖြစ်တယ်ဆိုတာ ယုံကြည်တယ်။ ဒါကြောင့် ကားတိုင်ကို မြင်တိုင်း ခရစ်တော်ရဲ့ သေခြင်းကို အောင်နိုင်ခြင်း၊ ဘုန်းတန်ခိုးတော်နဲ့ ရှင်ပြန်ခြင်းကြောင့် ထာဝရ ချီးမြှောက်ထိုက်သော ပလ္လင်ကို မြင်ခြင်း ဖြစ်တယ်။ ကျွန်ုပ်တို့ ဘဝမှာ ရောဂါအမျိုးမျိုး၊ ဒုက္ခအခက်အခဲ၊ စိတ်သောက၊ စားဝတ်နေရေးအတွက် ပူပန်မှုတွေနဲ့  ပြည့်နေချိန်မှာ စစ်မှန်သော နောင်တဖြင့် ကားတိုင်ပေါ်  ချီးမြှောက်ထားတဲ့ ခရစ်တော်ကို ယုံကြည်ခြင်းနဲ့ မျှော်ကြည့်ရင် အမှန်တကယ် ကုသခြင်း ရသလို ဝန်ထုပ်လည်း ပေါ့မယ်၊ ကိုယ့်ပြဿနာရဲ့ အဖြေကိုလည်း ရှာတွေ့ပြီး အလင်းတရား အောက်မှာ အသက်ရှင်မယ် ဆိုတာဖေါ် ပြတယ်။ ဒီနေ့ ခရစ်တော်သခင်ရဲ့ လက်ဝါးကားတိုင်ကို ကမ္မဌာန်း‌ ထောက်ရှုပြီး မိမိကိုယ်ကို မေးပါ။ ကျွန်ုပ်သည် “ငါသည် လမ်းဖြစ်၏” လို့ဆိုတဲ့ ခရစ်တော်ရဲ့ လမ်းတော်ကို အမှန်တကယ် လျောက်လှမ်း နေပါသလား?

#Sr Regina Htoo Htoo (RGS)

Daily Reflection