Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-09-14 08:13:39
#စက်တင်ဘာလ (၁၅)ရက် / ဗုဒ္ဓဟူးနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်ယောဟန် (၁၉း ၂၆-၂၇)
#Sr.Regina Htoo Htoo (RGS)
Posted by M Sulatthtwe

“အချင်းအမျိုးသမီး၊ သင်၏သားကို ကြည့်ပါ” “သင်၏အမိကို ကြည့်ပါ” ခရစ်တော်သခင် နောက်ဆုံး ကားတိုင်ပေါ်မှာ အသက်တော် မစွန့်မှီ ကားတိုင်ရဲ့ ခြေရင်းမှာ စိတ်ကူးနဲ့တောင် ဖေါ်ပြမရနိုင်တဲ့ ချစ်ခြင်းနဲ့ ဆုံးရှုံးခြင်း အကြား ခရစ်တော်နဲ့ မယ်တော်တို့ နှလုံးသားနှစ်ခု အားပြိုင်နေတယ်။ ခရစ်တော် အနေနဲ့ မိမိကို မွေးဖွား သန့်စင်သူ၊ မိခင်မေတ္တာနဲ့  ပြုစုစောင့်ရှောက်ပြီး ကယ်တင်ခြင်း အမှုတော်မှာ အစအဆုံး ပါဝင်ခဲ့သူ မယ်တော်ကို ထားခဲ့ဖို့  ဝန်လေးနေမှာ အမှန်ဘဲ။ တချိန်ထဲမှာ ထားခဲ့ရတော့မယ့် သိုးစု လူသားတွေ အပေါ်ထားတဲ့ ချစ်ခြင်းလည်း ရှိနေတယ်။ မယ်တော်လည်း  ပရောဖက် ဆီမေအုံ ဟောထားသလို “သင်ရဲ့ နှလုံးကို လှံနဲ့ ထိုးဖေါက် ခံရလောက်အောင် နာကျင်လိမ့်မယ်” ဆိုတဲ့ အချိန် ရောက်ပြီမို့  မိမိကို နာခံပြီး ချစ်မြတ်နိုးရတဲ့ သားကို မော့ကြည့် နေရှာတယ်။ နောက်ဆုံး ကိုယ်တော်က ချစ်မြတ်နိုးလှတဲ့ မိခင်ကို ကြည့်ပြီး “အချင်း အမျိုးသမီး၊ သင်၏သားကို ကြည့်ပါ” ဆိုပြီး ယောဟန်ကို လူသားအားလုံးရဲ့ ကိုယ်စား မယ်တော် လက်ထဲ အပ်နှံခဲ့တယ်။ တပည့်တော်ဖက် လှည့်ပြီး “သင်၏အမိကို ကြည့်ပါ” လို့ ပြောကြားပြီး မယ်တော်ကို လူသားတို့ ထာဝရမိခင်အဖြစ် ယုံကြည် အားကိုးဖို့ ပေးအပ်တယ်။ ခရစ်တော်ရဲ့ မိခင်အပေါ် ထားတဲ့ ချစ်ခြင်းက လူသားအားလုံးကိုလည်း ချစ်ကြောင်း သက်သေ ပြနေတယ်။ ခရစ်တော်သခင်ရဲ့  စကားကို သေသေချာချာ ထောက်ရှုမယ်ဆိုရင် ကျွန်ုပ်တို့အားလုံး မယ်တော်ကို ကိုယ့်ရဲ့ မိခင်အဖြစ် လက်ခံဖို့ ခရစ်တော်ဆန္ဒ ရှိတယ်။ ကားတိုင်ပေါ်မှာ ခရစ်တော်သခင် မယ်တော်ကို ပြောတဲ့ စကားတွေက ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းအတွက် ကြီးမားတဲ့ အားပေး တိုက်တွန်းခြင်း ဖြစ်တယ်၊ ခရစ်တော်ရဲ့ ခန္ဓာကိုယ် ဖြစ်တဲ့ အသင်းတော်ရဲ့ အကျိုးကျေးဇူးတွေကို ဖေါ်ပြပေးတယ်။ ကားတိုင်ပေါ် စတင်ခဲ့တဲ့ မယ်တော်နဲ့ ယောဟန်တို့ အကြား ဆက်နွယ်မှု အသစ်က ဘာကို ဖေါ်ပြလဲ ဆိုတော့ အသင်းတော်ဟာ ဝိညာဥ်ရေးဆိုင်ရာ မိသားစု တစ်ခုလို အချင်းချင်း ကူညီ ထောက်ပံ့ အကျိုးပြုကြဖို့ ဖြစ်တယ်။ တမန်တော်ဝတ္တု  ၂၀း ၂၈ မှာ ရှင်ပေါလုက “သခင်ဘုရား ကိုယ်တော်တိုင် မိမိ၏ အသွေးဖြင့် ဝယ်ယူထားသော အသင်းတော်ကို သတိနှင့် ကြည့်ရှုကြလော့” လို့ ဖေါ်ပြထားတယ်။ ဘုရားရှင်ပေးတဲ့ ကျေးဇူးများစွာထဲက ကားတိုင်ပေါ်က ရခဲ့တဲ့ အကြီးမား ဆုံး ဆုလာဒ်ဟာ ချစ်ခြင်း မေတ္တာဖြင့် ပြုစုစောင့်ရှောက်သော၊ အစဥ်တည်တံ့ အကျိုးပြုနေသော မိသားစုဆိုတဲ့ ”အသင်းတော်” သာဖြစ်တယ်။ ကျွန်ုပ်တို့အားလုံး အသင်းတော်ရဲ့ မိခင် မယ်တော်ကို အစဥ်အမြဲ ဂုဏ်ပြု ချီးမွမ်းကြပါစို့။ သားတော်ရဲ့ အပ်နှံခြင်း ခံရတဲ့ မယ်တော်ဟာ ကျွန်ုပ်တို့ကို အမြဲစောင့်ရှောက်ပြီး ခိုလှုံချည်းကပ် သူတွေကို မငြင်းပယ်ဘဲ လိုအပ်ချက်ကို ရရှိဖို့ ကြားဝင် ဆုတောင်း ပေးနေပါတယ်။  ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ရေးသားချက်မှာ “မာရိယားက ဘုရားသခင်နဲ့ ကျွန်ုပ်တို့ ကြားမှာ ပေါင်းကူး တံတားတစ်စင်း သာမက ဒါ့ထက်ပိုပြီး အရေးကြီးပါတယ်။ သူမဟာ ဘုရားသခင်က ကျွန်ုပ်တို့ လူသားတွေဆီကို ရောက်နိုင်တဲ့ လမ်းဖြစ်သလို ဘုရားသခင်ဆီ ရောက်ဖို့ ကျွန်ုပ်တို့ သွားရမယ့်လမ်း ဖြစ်တယ်”ဆိုတာကို ဆင်ခြင်ရင်း

သင့်ဘဝရဲ့  ခက်ခဲဆုံးသော အချိန်၊ အခြေအနေမှာ မယ်တော်ထံ ချည်းကပ်ပြီး ကြားဝင် ဆုတောင်းပေးဖို့ အစဥ် သတိရပါသလား?

#Sr Regina Htoo Htoo (RGS)

Daily Reflection