Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-09-16 09:14:11
စက်တင်ဘာလ (၁၇)ရက် / သောကြာနေ့ ၂၀၂၁
ဧဝံဂေလိကျမ်း / ရှင်လုကာ ၈: ၁-၃
Sr. Elizabeth Joseph (RGS)
Posted by M Sulatthtwe

ခရစ်တော်ရဲ့ လုပ်ငန်းမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု” ဒီနေ့အသက်ပေးတဲ့ နှုတ်ကပါတ်တော်ကနေ သခင်ယေဇူးရဲ့ နောက်လိုက် တပည့်တွေထဲမှာ အမျိုးသားတွေရော အမျိုးသမီးတွေရော ပါတယ်ဆိုတဲ့ အကြောင်း၊ အမျိုးသမီးတွေက သူတို့ပိုင်ဆိုင်တဲ့ အထဲကနေမှ သခင်ယေဇူးရဲ့ လုပ်ငန်းမှာ လိုအပ်တဲ့ စားစရာတွေ၊ အသုံးအဆောင်တွေကို စီစဥ်ပေးခဲ့ကြောင်း ရှင်လုကာက မှတ်တမ်း တင်ခဲ့ပါတယ်။ အမျိုးသမီးတွေက ကူညီတဲ့အခါ အဖက်ဖက်ကနေ စဥ်းစားပေးတတ်တာ၊ အသေးစိတ် လုပ်တတ်တာနဲ့ လက်တွေ့ကျကျ လိုအပ်တာတွေကို မြင်တတ်ပါတယ်။ သာသနာပြု လုပ်ငန်းလုပ်ဖို့ အခြေခံ လိုအပ်ချက်တွေ ပြည့်ဝ နေဖို့ဟာ အရေးကြီးပါတယ်။ အများအားဖြင့် အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ အလွန်းအရေးပါပြီး အရေးကြီးပေမဲ့ နောက်ကွယ်မှာ နေတာနဲ့ အသိအမှတ်ပြု မခံရတာ များပါတယ်။ ဒါပေမဲ့လည်း အမျိုးသမီးတွေရဲ့ ပါဝင်မှုသာ မရှိခဲ့ရင် သခင်ယေဇူးနဲ့ တပည့်တော်ကြီးတွေရဲ့ သာသနာပြုလုပ်ငန်း အခက်အခဲတွေ ရှိနေမှာ သေချာပါတယ်။ ဒီနေ့ ကျမ်းစာအားဖြင့် မိမိတို့ ပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ ပေးဆပ်မှုနဲ့ ဆက်ကပ်မှုကို အသိအမှတ်ပြုရင်း သူတို့ကို ပိုပြီးလေးစား တန်ဖိုးထားတတ်ဖို့ သခင်ဘုရားဆီကနေ သင်ယူကြပါစို့။

# Sr. Elizabeth Joseph (RGS)

Daily Reflection