“ပုံပြင်သက်သက် ဖြစ်မသွားဖို့..” နည်းပညာ ခေတ်မစားသေးခင်မှာ လူတိုင်း ပုံပြင်ကို ကြိုက်ခဲ့ကြပါတယ်။ မျိုးကြဲသူ ပုံဥပမာလေးနဲ့ ကောင်းကင် နိုင်ငံတော်ရဲ့ သား၊သမီးများအကြောင်း ဒီနေ့ကြားရပြန်ပြီပေါ့။ ဒီပုံပြင်လေးကနေတဆင့် ကျွန်မတို့ကို ဘုရားသခင် ရဲ့ နှုတ်ကပါတ်တော်ကို တုံ့ပြန်တဲ့ လူတွေရဲ့ စိတ်အထွေထွေကို သင်ကြားပေးတာ ဖြစ်ပါတယ်။ မကြာခဏ ကြားရပေမဲ့ ပုံပြင်ကို ပုံပြင်အတိုင်း ကြားတဲ့သူက မယုံရင်လည်း ပုံပြင်လို့ပဲ မှတ်ကြမှာပါ။ ပုံပြင်ရဲ့ နောက်ကွယ်က သင်ခန်းစာကို သိဖို့ဆိုတာ ခရစ်တော်နဲ့ နီးနီးကပ်ကပ် နေတဲ့သူတွေအတွက် အထူးအခွင့်အရေး တစ်ရပ်ဆိုတာ ဒီနေ့ အသက်ပေးတဲ့ နှုတ်ကပါတ်တော်က ပြောပြသွားပါတယ်။ ကျွန်မတို့ နေ့စဥ်ဘဝမှာ ပဋိပက္ခတွေကြားမှာ ဖြစ်ပါစေ၊ ဘုရားက ပုံစံအမျိုးမျိုးနဲ့ ဆက်ပြီး သင်ပေးနေပါတယ်။ တကယ့်သင်ခန်းစာကို နားလည်ဖို့ ကျွန်မတို့ အနေနဲ့ ဘုရားနဲ့ နှလုံးသားချင်း နီးနေဖို့ လိုပြီပေါ့။ ဘုရားနဲ့ နီးနီးကပ်ကပ် နေပါ။ နှလုံးသားကို ဖွင့်ထားပါ။ စူးစမ်း လေ့လာပါ။
# Sr. Elizabeth Joseph (RGS)