Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-09-20 06:38:20
စက်တင်ဘာလ (၂၁)ရက် / အင်္ဂါနေ့ ၂၀၂၁
ဧဝံဂေလိကျမ်း / ရှင်မာတေဦး (၉း ၉ - ၁၃)
Sr. Elizabeth Joseph (RGS)
Posted by M Sulatthtwe

ငါ့နောက်ကိုလိုက်ခဲ့ပါ” ဒီနေ့ကျမ်းစာထဲမှာ အခွန်ရုံးမှာ အလုပ်လုပ်နေတဲ့ မာတေဦးကို သူ့နောက်လိုက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်တယ်။ အခွန်ခံ အလုပ်ဟာ အဲ့ဒီအချိန်အခါမှာ အများက ကြည့်မရတဲ့ အလုပ်မို့ အခွန်ခံသမားဟာလည်း အပါယ်ခံပါပဲ။ ဒီလိုအချိန်မှာ သခင်ယေဇူးက သူ့ကိုအရေးတယူ ဖိတ်ခေါ်လိုက်တာဟာ သူ့ဘဝအတွက် အရာရာဟာ ကြီးမားတဲ့ ထိတွေ့ ပြောင်းလဲမှုကြီးပါပဲ။ ကျွန်မတို့ဘဝမှာ လူအများက ပါယ်ထားသလို ခံစားရတဲ့အချိန် တစ်ယောက်ယောက် ကိုယ့်အနား ရောက်လာပြီး အရေးတယူ လက်ကမ်းလာတဲ့အခါ ဖြစ်လာတဲ့ ခံစားချက်က တကယ်ကို ထူးခြားပြီး တစ်သက်စာ မှတ်သားလောက်စရာ ကျန်ရစ်သွားတတ်ပါတယ်။ ဘဝရဲ့ပြောင်းလဲမှုဟာ ကြင်နာတဲ့ မျက်ဝန်းလေး တစ်စုံ၊ ကောင်းမြတ်တဲ့ အထိအတွေ့တစ်ခုနဲ့ မေတ္တာပြည့်တဲ့ စကားလေး တစ်ခွန်းကနေ စတယ်ဆိုတာ မာတေဦးရဲ့ ခေါ်တော်မူခြင်းက ပြောပြနေပါတယ်။ တစ်ဘက်မှာလည်း အပြစ်ပဲရှာတတ်တဲ့ သူတွေက အပြစ်ပဲမြင်ပြီး အပြစ်တင်တာကလွဲလို့ ဘဝမှာ ဘာကောင်းတာမှ မစီးဆင်းတဲ့ သူမျိုးလည်း ရှိနေပြန်တယ်။ ဒါပေမဲ့လည်း ကိုယ့်ကို ကိုယ် မှန်လှပါ၏ဆိုပြီး အသိတရား ပိတ်ဆို့နေတဲ့ သူတွေထက် နှလုံးသားလေးဖွင့်ပြီး အပြစ်သားဘဝနဲ့ ဘုရားရဲ့ ကြင်နာသနားခြင်းကို လက်ခံကြိုဆိုတဲ့ သူတွေဆီကိုပဲ ဘုရားက ရောက်လာတယ်လို့ သခင်ယေဇူး ပွင့်ပွင့်လင်းလင်း ပြောပြထားပါတယ်။ အဲဒါကြောင့် ကျွန်မတို့ရဲ့ လက်ရှိရောက်နေတဲ့ အခြေအနေမှာ ကျွန်မတို့ရဲ့  နှလုံးသားနဲ့ အာရုံ ငါးပါးကို ဖွင့်ပြီး သခင်ဘုရားရဲ့ ဖိတ်ခေါ်သံကို တုံ့ပြန်လိုက်ကြပါစို့။

#Sr. Elizabeth Joseph (RGS)

Daily Reflection