Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-09-21 06:44:12
စက်တင်ဘာလ (၂၂)ရက် / ဗုဒ္ဓဟူးနေ့ ၂၀၂၁
ဧဝံဂေလိကျမ်း / ရှင်လုကာ (၉း ၁ - ၆)
Sr. Elizabeth Joseph (RGS)
Posted by M Sulatthtwe

လမ်းခရီးအတွက် ဘာမှအပိုမယူသွားပါနဲ့” ဒီနေ့အသက်ပေးတဲ့ နှုတ်ကပါတ်တော်မှာ သခင်ယေဇူးဟာ သူ့တပည့်တွေကို နတ်ဆိုးတွေကို နှင်ထုတ်တာနဲ့ ကုသ ပေးနိုင်တဲ့ အာဏာတန်ခိုး ပေးလိုက်ပြီးတော့ ဘုရားသခင်ရဲ့ နိုင်ငံတော်အကြောင်း ဟောရင်း အနာရောဂါတွေကို ကုသပေးဖို့ စေလွှတ်လိုက်တယ်။ တနည်းအားဖြင့် သခင်ဘုရားရဲ့ တမန်တော်လုပ်ငန်းကို ခွဲဝေပေးလိုက်တဲ့  သဘောပဲ ဖြစ်ပါတယ်။ သူမှာလိုက်တဲ့ ပထမတစ်ချက်က အဲဒီခရီးနဲ့ လုပ်ငန်းအတွက် ဘာမှအပိုတွေ ယူမသွားဖို့ မှာလိုက်တယ်။ သူ့လုပ်ငန်းခွင်မှာ ဘာမှပူစရာမလိုဘဲ အလုပ်လုပ်တတ်ဖို့ လိုပါတယ်။ လိုအပ်သမျှ သူပေးလိမ့်မယ်ဆိုတဲ့ ယုံကြည်မှု သူ့အပေါ်ပုံအပ်ပြီး အားကိုးဖို့ကို သူသင်ပေးတာ ဖြစ်ပါတယ်။ သူကသင့်ကိုပဲ လိုအပ်တာပါ။ ဒုတိယတစ်ချက်က ကောင်းကင်နိုင်ငံရဲ့ သတင်းကောင်းကို ကြိုဆိုတဲ့သူ၊ လိုလားတဲ့သူအတွက် ရက်ရောစွာ ကြိုးစား လုပ်ကိုင်ဖို့နဲ့ ခေါင်းမာတဲ့သူ၊ မလိုချင်တဲ့သူတွေကို အတင်းအဓမ္မ ပေးစရာမလိုဘဲ လိုလိုချင်ချင် ရှိတဲ့သူတွေဆီကို ဆက်သွားဖို့ ဖြစ်ပါတယ်။ ကိုယ့်ကို လှူဒါန်းနိုင်လို့၊ ကျွေးမွေးနိုင်လို့ တစ်ခုတည်းနဲ့ ကိုယ်က အဲဒီအသိုင်းအဝိုင်းမှာ တွယ်ကပ်နေဖို့ မလိုပါဘူး။ ကိုယ့်ကို စေလွှတ်တဲ့ ရည်ရွယ်ချက်ကို ခေါင်းထဲ အမြဲစွဲပြီး ကုသမှုကို လိုချင်တဲ့သူ၊ သတင်းကောင်းကို ကြားချင်တဲ့ သူတွေဆီကို ချက်ချင်းခရီးပြုဖို့ ဖြစ်ပါတယ်။ ခရစ်ယာန်တိုင်းဟာ ခရစ်တော် နောက်လိုက်မို့လို့ မိမိဟာ ဘုရားကို ဘယ်လောက် ယုံကြည်အားထားသလဲ၊ ဖုန်ခါလိုက်ရမယ့် အသိမိတ်ဆွေ (မတရားမှုမှာ ပါဝင်နေတဲ့သူ) တွေရဲ့အနားကနေ ကိုယ်မခွဲနိုင် မခွါရက် ဝဲလည်နေရင်း တမန်တော် လုပ်ငန်းအတွက် ခရီးအဟန့်အတား ဖြစ်နေသလားဆိုတာ ပြန်လည်သုံးသပ်ဖို့ အခွင့်အရေးလေး ပေးလိုက်ပါပြီ။

#Sr. Elizabeth Joseph (RGS)

Daily Reflection