“မင်းအတွက် ငါ့အတွက် သူ့လျှို့ဝှက်ချက်” ဒီနေ့အသက်ပေးတဲ့ နှုတ်ကပါတ်တော်မှာ သခင်ယေဇူးက တပည့်တော်တွေကို မေးပါတယ်“ လူတွေငါ့ကို ဘယ်လို ပြောကြလဲ” .. “မင်းတို့ရော ဘယ်လိုပြောမှာလဲ” သခင်ယေဇူးဟာ အီဇရာအဲလ် လူမျိုးတွေဆီ လာပြီး လူ့အဖြစ် ယူတယ်။ လူအများရှေ့မှ ထူးဆန်း အံ့သြဘွယ်တွေ အများကြီး လုပ်တယ်။ အခုအချိန်မှာ လူတွေ သူ့ကို ဘယ်လိုမြင်လဲဆိုတာ သူသိချင်မိတယ်။ သူတပါးရဲ့ အမြင်မှာ သူဟာ ပရောဖက် တစ်ပါးပါပဲ။ ဟုတ်ပါတယ်။ သခင်ယေဇူးက ပရောဖက်တစ်ပါး ဆိုတာပါတယ်။ ဒါပေမဲ့လည်း ပရောဖက် တစ်ပါးထက်တော့ ပိုပါတယ်။ ရှေးပရောဖက်တွေ ကြိုတင်ဟောထားတဲ့ ကယ်တင်ရှင်ဟာလည်း သူပဲ ဖြစ်ပါတယ်။ သခင်ယေဇူးက သူ့ရဲ့တပည့်တော်တွေကို မေးလိုက်တဲ့အခါ ပေတရုက အားလုံးကိုယ်စား မှန်ကန်တဲ့ အဖြေကို ပေးလိုက်ပါတယ်။ သူတို့အနီးကပ်နေတဲ့သူဟာ သူတို့ထင်ထားတဲ့၊ မျှော်လင့်ထားတဲ့ ကယ်တင်ရှင်ပါပဲ။ ရင်းနှီးမှုနဲ့ နီးစပ်မှုဟာ လူတစ်ယောက်ကို ပိုပြီး ထဲထဲဝင်ဝင် သိစေပါတယ်။ အရင်းနှီးဆုံး လူတွေကိုသာ ကိုယ့်လျှို့ ဝှက်ချက်ကို ပြောနိုင်တာမို့ သခင်ယေဇူးက တပည့်တော်တွေကို သူ့လျှို့ဝှက်ချက်ကို ပြောပြလိုက်ပါတယ်။ မက်ဆီးယားဆိုတဲ့ ကယ်တင်ရှင်က သူ့လူမျိုးတော်အတွက် ဒုက္ခစရိယာ ခံရဦးမယ်။ အရှက်တကွဲ အကျိုးနဲ ခံရပြီး အသေသတ် ခံရဦးမှာ။ ဒါပေမဲ့ ပြန်ရှင်ထမြောက်ဦးမှာ ဆိုတာကို သေသေချာချာ ပြောပြထားခဲ့ပါတယ်။ ချစ်သူတို့ ဘဝမှာရော ကိုယ့်အတွင်းရေးကို ယုံကြည်စွာ ပြောပြနိုင်တဲ့ အရင်းနှီးဆုံး မိတ်ဆွေနဲ့ တွေ့ဆုံခဲ့ပြီလား။
#Sr. Elizabeth Joseph (RGS)