Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-09-24 06:28:28
စက်တင်ဘာလ (၂၅)ရက် / စနေနေ့ ၂၀၂၁
ဧဝံဂေလိကျမ်း / ရှင်လုကာ (၉း ၄၃ခ - ၄၅)
Sr. Elizabeth Joseph (RGS)
Posted by M Sulatthtwe

နားထောင်၊ ပြီးရင် မှတ်ထားပါ” ဒီနေ့အသက်ပေးတဲ့ နှုတ်ကပါတ်တော်မှာ တပည့်တော်ကြီးတွေဟာ သခင်ယေဇူးပြုတဲ့ တန်ခိုးလက္ခဏာတွေကို ကြည့်ပြီး အံ့သြ၊ မိန်းမောပြီး ဆွံ့အနေခဲ့ပါတယ်။ သူတို့ဆရာသခင် လုပ်တဲ့အရာတွေကို ကြည့်ပြီး အရမ်းဂုဏ်ယူမဆုံး ဖြစ်နေကြပါတယ်။ တန်ခိုးရှင်ရဲ့ တပည့်တွေ ဖြစ်ရလို့လည်း သူတို့မှာ တစ်ခါတစ်ခါ စိတ်ကြီးဝင်မိတာပေါ့ရှင်။ သခင့်နောက်လိုက်လို့ အရာရာက ပန်းခင်းတဲ့ လမ်းကလေးလို့ တွေးမိ၊ ထင်မိတဲ့ သူတို့ကို သခင်ဘုရားက သတိပေးရ ပြန်ပါတယ်။ ဒီမယ်၊ နားထောင်၊ ပြီးရင် သေချာမှတ်ထား၊ လူသားဟာ သစ္စာဖောက် ခံရဦးမယ်၊ ရန်သူလက်ထဲကို အပ်လိုက်တာ ခံရလိမ့်ဦးမယ် လို့ သတိပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း အောင်မြင်မှုမှာ သာယာနေတဲ့ သူတို့အဖို့ သခင်ဘုရား ဘာတွေပြောနေမှန်း သဘောမပေါက် နိုင်ကြသလို လက်မခံနိုင်စရာကြီး ဖြစ်နေလို့လည်း ဘယ်သူကမှ ပြန်မမေးရဲ ကြပြန်ဘူး။ ချစ်သူတို့.. သခင်ဘုရားနောက်လိုက်တာ ခရောင်းလမ်းထက်လို ကြမ်းတမ်းတဲ့ ခါးသီးမှု အရသာကို တွေ့ကြုံ ခံစားမိပြီလား။ ဒါဆိုရင် နားထောင်၊ သေချာမှတ်ထား သင်ဟာ သူ့တပည့် ဖြစ်နေလို့ပါပဲ။

#Sr. Elizabeth Joseph (RGS)

Daily Reflection