Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-09-25 06:32:14
စက်တင်ဘာလ (၂၆)ရက် / တနင်္ဂနွေနေ့ ၂၀၂၁
(၂၆) ကြိမ်မြောက်သာမန် တနင်္ဂနွေနေ့
ဧဝံဂေလိကျမ်း / မာကု (၉း ၃၈-၄၃၊ ၄၇-၄၈)
Sr. Elizabeth Joseph (RGS)
Posted by M Sulatthtwe

ပွင့်လင်းတဲ့အတွေး၊ ကြီးမားတဲ့ နှလုံးသားနဲ့ လမ်းကောင်း ပြကြဖို့” ဒီနေ့အသက်ပေးတဲ့ နှုတ်ကပါတ်တော်ကနေ ပထမအနေနဲ့ ခရစ်တော်သခင်က တပည့်တော်တွေကို ကိုယ့်အသင်း အဖွဲ့က မဟုတ်ပေမယ့် ခရစ်တော်ရဲ့ တန်ဖိုးနဲ့ နေထိုင်တဲ့ သူတွေတွေ့ရင် မတားဆီးရဘူး။ တနည်းအားဖြင့် ဒီလူတွေ ဟာ ခရစ်တော်ရဲ့ တမန်တော်လုပ်ငန်းမှာ ကူညီနေတဲ့ သူတွေဖြစ်လို့ သူတို့အတွက် ဆုလာဘ်ဆိုတာ ရှိတယ်လို့ သွန်သင်ထားတာ ဖြစ်ပါတယ်။ ဒီနေ့အထိ ကြားနေရတဲ့ ဆင်တူဇာတ်လမ်းလေးက ဘာလဲဆိုတော့ ကက်သလစ် အသင်းတော်ကပဲ အမှန်ဆုံး၊ ကက်သလစ် အသင်းတော်မှာ မွေး/နေ/သေမယ် ကက်သလစ် သုသာန်မှာ မြှပ်နှံပြီး ကက်သလစ် ကောင်းကင်ကိုပဲ ဝင်မယ့်သူတွေ အကြောင်းပါ။ ကက်သလစ် အသင်းတော်ကပဲ ကောင်းကင်နိုင်ငံရဖို့ သေချာတော့ ကက်သလစ်ကနေ ခရစ်တော်ကို အပိုင်သိမ်းထားချင်တဲ့ သူတွေရယ်ပါ။ တကယ်တမ်းကျတော့ ကက်သလစ်ဆိုတာ လူတိုင်းကို ကြိုဆိုတယ်လို့ ဆိုလိုတာပါ။ ဘုရားရဲ့ ဘုန်းတော်အတွက် လုပ်ဆောင်တဲ့ သူတိုင်းက ဘုရားရဲ့ သားသမီးတွေပါပဲ။ ခွဲခြားတာ၊ နှိမ်စားတာတွေ လုပ်နေမယ်ဆိုရင် ဒီလူတွေဟာ သခင်ယေဇူးရဲ့ တပည့်တွေ မဟုတ်ပါဘူး။  ဒုတိယအနေနဲ့ အားနည်းတဲ့ သူတွေကို အပြစ်ထဲကိုသွေးမဆောင်ဖို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။ ကိုယ့်ထက်သိမ်ငယ်၊ အားနည်းတဲ့ သူတွေကို အပြစ်ဆီကို ဖျားယောင်း သွေးဆောင်တဲ့ သူတွေအတွက် ခံရမယ့်အပြစ် ဒဏ်ဟာ အတော်လေးကို ပြင်းထန်ပါတယ်။ ဒီနေ့ကျမ်းစာအားဖြင့် ကိုယ်ဟာ ဘယ်လောက် နှလုံးသား ကြီးတယ်၊ ဘယ်လောက် လမ်းကောင်း ပြတယ်ဆိုတာ မိမိကိုယ်ကို ပြန်မေးကြည့်ဖို့ စိန်ခေါ်နေပါတယ်။

#Sr. Elizabeth Joseph (RGS)

Daily Reflection