“ခါးသီးတဲ့သမိုင်းကို ကျော်လွန်ပြီး ဤခရီးကို ဆက်လျှောက်သူ” ဒီနေ့အသက်ပေးတဲ့ နှုတ်ကပါတ်တော်ထဲမှာ သခင်ယေဇူးက ဘုန်းတော်ထင်ရှားဖို့ အချိန်နီးလာတဲ့အခါ ဂျေရုစလင်မြို့ကို သွားတယ်။ သခင်ယေဇူးအတွက် ဒုက္ခဝေဒနာဆိုတာ ဘုန်းဂုဏ်တော် ထင်ရှားခြင်းရဲ့ အစပါပဲ။ ဂျေရုစလင်မှာ တစ်စုံတစ်ခုက အဆုံးသတ်ပြီး တစ်စုံတစ်ခုက အစပျိုးလာမှာ ဖြစ်ပါတယ်။ ဆာမာရီတန်ရွာတွေက သခင်ယေဇူးကို ရွာမှာတည်းဖို့ လက်မခံကြဘူး။ သမိုင်းကို တစ်ချက် ပြန်ကြည့်မယ်ဆိုရင် ဒါဝိတ်မင်း အုပ်ချုပ်ခဲ့တဲ့ တိုင်းပြည်ကြီး တောင်ပိုင်းနဲ့ မြောက်ပိုင်း နှစ်ခြမ်း ကွဲသွားတဲ့အခါက အဲဒီက လူတွေကြားမှာ အမုန်းတရားတွေ ရှိခဲ့ကြပါတယ်။ မြောက်ပိုင်းမှာ သခင်ယေဇူး သက်တော်ထင်ရှား ရှိစဥ်က ဂျေရုစလင်ဟာ မြို့တော်ဖြစ်နေခဲ့ပြီး တောင်ပိုင်းမှာတော့ ဆာမာရီးယားက မြို့တော် ဖြစ်တည်ခဲ့ပါတယ်။ ဒီနောက်ကြောင်း ရာဇဝင်ကြောင့် သခင်ယေဇူးကို လက်မခံတာဟာ စိတ်ကြီးတဲ့ ယာကုပ်ကို ဒေါသဖြစ်စေပြီး သူတို့ကို မီးမုန်တိုင်းနဲ့ အပြတ်ချေမှုန်းချင်စိတ် ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါပေမဲ့ သခင်ဘုရားမှာ အဲလိုသေးဖွဲတဲ့ ကိစ္စတွေအတွက် အငြင်းပွါးဖို့ အချိန်မရပါဘူး။ ရင်ထဲမှာ ဖြစ်နေတာက ဂျေရုစလင် သူကြုံရဦးမယ့် အဖြစ်အပျက်လေးပဲ ရှိနေခဲ့ပါတယ်။ ချစ်သူတို့ သင်တို့ ရင်ဆိုင်ကျော်ဖြတ်ဖို့ သင်တို့ကို စောင့်နေတဲ့ ဒုက္ခဝေဒနာ တစ်ခုကို တွေးကြည့်တဲ့အခါ ခေါင်းထဲမှာ ဘယ်လိုအတွေး၊ ရင်ထဲမှာ ဘယ်လိုခံစားမှုမျိုး ဖြစ်ဖူးပါသလဲ။ သခင်ဘုရားက သူချစ်တဲ့ သူတွေကိုပဲ သူ့ခံစားမှုတွေကို ပေးဝေမျှ ခံစားစေတယ်။
#Sr. Elizabeth Joseph (RGS)