Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-09-30 06:36:10
အောက်တိုဘာလ (၁)ရက် / သောကြာနေ့ ၂၀၂၁
St. Teresa ပွဲနေ့
ပထမကျမ်း / ဘာရု‌‌ဟောစတမ်း (၁း ၁၅-၂၂)
ဧဝံဂေလိကျမ်း / ရှငျလုကာ (၁၀း ၁၃-၁၆)
Sr. Lucy Win (SCCG)
Posted by M Sulatthtwe

ပထမကျမ်းထဲမှာ ကြားနာရမှာကတော့ ဘုရားစကားကို နားမ‌ထောင်လို့၊ ဘုရားအမျက်တော် ရှတဲ့အကြောင်းအရာကို ကြားနာကြရမှာ ဖြစ်တယ်။ မိုးဇယ်လက်ထက် ပျားရည်နဲ့နို့ စီးဆင်းတဲ့ နိုင်ငံသစ်ဆီ ခေါ်ဆောင်ခဲ့စဥ်ကစလို့၊ ဒီနေ့အထိ မနာခံခြင်းရဲ့ ဆိုးကျိုးများကို ခံနေကြရတယ်။ ရှင်လုကာ ကျမ်းစာထဲမှာလည်း ခရစ်တော်ရဲ့ သတိပေးချက် ခပ်ပြင်းပြင်းလေးကို ကြားရပါတယ်။ နောင်တမရတဲ့ ကိုရာဇင်မြို့၊ ဘက်ဇိုင်းဒါးမြို့နဲ့ ကာဖာနာအုံ မြို့သူ/သားများကို ခရစ်တော် သတိပေးခဲ့တယ်။ အပြစ်ဆိုတာ မသိဘဲ လုပ်တာထက် သိသိကြီးနဲ့ လုပ်တာက ပိုများတယ်။ ပြောရရင် ဝိညာဥ်တော်ဘုရားရဲ့ အလင်းကျေးဇူးကြောင့် အဆိုးနဲ့အကောင်း သိပါလျှက်နဲ့ ဆက်ကာလုပ်နေတဲ့ လုပ်ရပ်အဖြစ်ဆိုးတွေကို သနားတတ်တဲ့ ဘုရားရှင်ဟာ ကျွန်ုပ်တို့ရဲ့ နောက်ဆုံးသောဘဝမှာ တရားသဖြင့် စီရင်ခံရမဲ့အကြောင်း၊ ဒီလိုလုပ်တဲ့ ဖြစ်ရပ်ဆိုးဟာ ဝိညာဥ်တော်ကို ဆန့်ကျင်တယ်လို့ ဆိုပါတယ်။ နေ့စဥ်ဘဝအသက်တာမှာ ဘုရားရဲ့တရားသံကို ရဟန်းသံဃာ၊ မိဘဆရာ၊ နီးစပ်သူများထံမှ ကြားနိုင်ရန် လိုက်ကျင့်ခြင်းအားဖြင့် ဘုရားရှင်ရဲ့ ကောင်းကြီးမင်္ဂလာများ ရယူခံစားကြပါစို့။ ရဟန္တာ ထရေးဇားလေးရဲ့ လှပတဲ့နှလုံးသား ပိုင်ရှင်များ ဖြစ်ကြစေရန် ဆုတောင်းကြပါစို့။

#Sr. Lucy Win (SCCG)

Daily Reflection