Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-01 06:51:32
အောက်တိုဘာလ (၂)ရက် / စနေနေ့ ၂၀၂၁
ကိုယ်စောင့်သိကြားများပွဲနေ့
ပထမကျမ်း / ဘာရုဟောစာတမ်း (၄း ၅-၁၂၊ ၂၇-၂၉)
ဧဝံဂေလိကျမ်း / ရှင်မာတေဦး (၁၈း ၁-၅)
Sr. Lucy Win (SCCG)

အီဇရာအဲလ်လူတွေကို နောင်တရစေဖို့ ဘုရားရှင်ထံ ပြန်လည် တိုးဝင်ခိုလှုံဖို့ သတ္တိမွေးကြဖို့ ဘာရုရဲ့ အားပေးနှိုးဆော်ခဲ့တဲ့ သတင်းစကားကို ကြားရမှာ ဖြစ်ပါတယ်။ လက်ရှိခံစားနေရတဲ့ ဒုက္ခဆိုးကြီးကို ဘုရားရှင်ဟာ ကယ်တင်ခြင်းနဲ့အတူ ထာဝရဝမ်းမြောက်ခြင်းကိုပေးတော်မူမဲ့အကြောင်း အားပေးနှိုးဆော်ခဲ့တယ်။ ဧဝံဂလိကျမ်းစာတော်မြတ်မှာ ခရစ်တော်က ကောင်းကင်နိုင်ငံတော်မှာ အကြီးမြတ်ဆုံးသောသူဟာ အကျင့်ပြောင်းလဲပြီး ကလေးသူငယ်တ‌ယောက်လို ဘုရားရှင်ကို ဘဝရဲ့အားကိုး အားထားရာအဖြစ် လက်ခံပြီး စိတ်နှလုံး နှိမ့်ချသူဖြစ်ကြောင်း ရှင်းလင်း ပြတ်သားစွာ မိန့်မြွက် တော်မူခဲ့ပါတယ်။ သန့်ရှင်းတဲ့ အသက်တာ၊ နှိမ့်ချတဲ့ဘဝကို ပိုင်ဆိုင်သူတွေဟာ လောကမှာရော၊ ကောင်းကင်မှာပါ ဘုရားရှင်ရဲ့ ကယ်တင်ခြင်းနဲ့ ဝမ်းမြောက်ခြင်းကို ပိုင်ဆိုင်ရမှာ ဖြစ်တယ်။ တစ်ဦးချင်းဆီ ကြိုးစားကျင့်ကြံရင်း၊ အပြစ်ကင်းတဲ့ ကိုယ်စောင့်သိကြားများကဲ့သို့ ဘုရားရဲ့အလိုတော်ကို အစဥ်ဖြည့်စွက်ပြီး လူသားအများ အကျိုးအတွက် ပေးဆက် အသက်ရှင်နိုင်ရန် ကောင်းကြီးမင်္ဂလာ ပြည့်ဝတဲ့ဘဝသစ်ကို ရယူကြပါစို့။

#Sr. Lucy Win (SCCG)

Daily Reflection