Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-02 06:35:23
အောက်တိုဘာလ (၃)ရက် / တနင်္ဂနွေနေ့ ၂၀၂၁
ပထမကျမ်း / ကမ္ဘာဦးကျမ်း (၂း ၁၈-၂၄)
ဒုတိယကျမ်း / ဟေဗြဲ (၂း ၉-၁၁)
ဧဝံဂေလိကျမ်း / ရှင်မာကု (၁၀း ၂-၁၆)
Sr. Lucy Win (SCCG)
Posted by M Sulatthtwe

ဒီနေ့ ၂၇ ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့မှာ ဘုရားရှင်ရဲ့ နှုတ်တော်ထွက် စကားများနဲ့ ခွန်အားယူကြပါစို့။ ကမ္ဘာဦးကျမ်းထဲမှာ လူယောင်္ကျားနဲ့ လူမိန်းမကို ဘုရားရှင် ကိုယ်တော်တိုင် ဖန်ဆင်းပြီး ဘဝအဖေါ်မွန်အဖြစ် ထာဝရ လက်တွဲကာ တစ်သားတစ်ကိုယ်တည်း ဖြစ်ရမဲ့အ‌ကြောင်း၊ ‌လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်မင်္ဂလာကို အစပြုခဲ့တယ်။ ဧဝံဂေလိ ကျမ်းစာတော်မြတ်မှာလည်း ခရစ်တော်ဟာ မိုးဇယ်ရဲ့ ကျမ်းချက်ကို ဖြည့်စွက်ပြီး ပြည့်ဝစုံလင် စေခဲ့တယ်။ လင်နဲ့မယား ဖြတ်စာတင်ပြီး ခွဲခွါလို့ မရကြောင်း၊ ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့တယ်။ တဆက်ထဲမှာ ကလေးသူငယ်များရဲ့ ဖြူစင်လှပတဲ့ဘဝ၊ ဘုရားရှင် ကောင်းကြီးပြည့်အဝ ရရှိတဲ့ အသက်တာဖြစ်ကြောင်း တပည့်တော်ကြီးတွေကို ရှင်းပြခြင်းဟာ လက်ထပ်ထိမ်းမြားခြင်းရဲ့ နောက်ဆက်တွဲ ရရှိလာမဲ့ သားသမီးများရဲ့ တန်ဘိုးကို တစ်စေ့တစ်စောင်း ကြိုတင်ဖေါ်ပြခြင်း ဖြစ်တယ်။ ဒါကြောင့် လက်ထပ်ပြီး သားသမီးများကို ပိတ်ပင်တားဆီးခြင်း၊ ဖျက်ဆီးခြင်း၊ ကလေးများအပေါ် တာဝန်မယူခြင်း စတဲ့ဖြစ်စဥ်တွေကို ကြိုတင် သတိပေးနေခြင်းလည်း ဖြစ်ပါတယ်။ ဘုရားရှင် ဖက်စပ်ထားတဲ့ အိမ်ထောင်ရှင်များ တစ်ဦးပေါ်တစ်ဦး သစ္စာရှိပြီး သားသမီးများအပေါ် မေတ္တာပြည့်ဝစွာ၊ တာဝန်ကျေပြွန်စွာ ပေးဆက်နိုင်ဖို့ ကြိုးစားကြပါစို့။

#Sr. Lucy Win (SCCG)

Daily Reflection