ပရောဖက်ယောနအကြောင်း ဖတ်ဖူးကြားဖူးပြီးသား ဖြစ်လိမ့်မည်။ ဘုရားရှင်က ယောနကို နိနဝေမြို့သို့ သွားပြီး၊ လူများ နောင်တတရားရရန် ဟောပြောစေခဲ့တယ်။ ယောနဟာ ဘုရားရှင် စေခိုင်းချက်ကို မလိုက်နာဘဲ တခြားလမ်းနဲ့ တာရှုမြို့သို့ သင်္ဘောခရီးနဲ့ တိမ်းရှောင်ခဲ့တယ်။ ဒီအချိန်မှာ ဘုရားရှင်ရဲ့ဇတ်ကွက် စတော့တယ်။ အချုပ်ပြောရရင် မုန်တိုင်းထန်ပြီး သင်္ဘောပေါ်က ပစ်ချခံရကာ၊ ငါးကြီးဝမ်းဗိုက်ထဲမှာ ၃ရက် နေခဲ့ရတယ်လို့ ဆိုတယ်။ ဒီအချိန်မှာ မနှောင်းသေးတဲ့ နောင်တတရားနဲ့ ပြန်လည်ပြီး ဘုရားရှင်ထံ တိုးဝင်ခဲ့တဲ့အခါ၊ ငါးကြီးရဲ့ ဝမ်းဗိုက်မှာ မသေဘဲ ဘုရားရှင် စေခိုင်းရာကို ဖြည့်စွက် အောင်မြင်ခဲ့တဲ့ အကြောင်းအရာများကို ကြားရမှာ ဖြစ်ပါတယ်။ ဧဝံဂေလိ ကျမ်းစာတော်မြတ်မှာလည်း ဘုရားရှင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ပြီး နီးစပ်သူကို ကိုယ်နှင့်အမျှ ချစ်ဖို့ ရွှေပညတ်ကို သွေးတိုးစမ်းတဲ့ ဖာရီဇေဦးများကို ခရစ်တော် မိန့်မြွက်ခဲ့တဲ့အကြောင်း သိရမှာဖြစ်တယ်။ ဘုရားရှင်ကို ချစ်တဲ့ပုဂိုလ် ဘုရားရဲ့ စေခိုင်းချက်ကို နားထောင်ပြီး တပါးသူ ကောင်းစားရေး လက်တွေ့ လုပ်ဆောင်မှသာ၊ စစ်မှန်တဲ့ ရွှေပညတ်၂ပါးကို ဖြည့်စွက်ရာ ကျမှာဖြစ်တယ်။ ယောနအဖြစ်အပျက်နဲ့ ကောင်းသောဆာမာရီတန် တစ်ဦးရဲ့ လုပ်ဆောင်ချက်အားဖြင့် ကျွန်ုပ်တို့ တစ်ဦးဆီကို တရားပေးနေပါတယ်။ ဒီနေ့ စိန့်ဖရန်စစ်အစီစီဟာ ဒီတရားအတိုင်း လိုက်နာကျင့်ကြံခဲ့တဲ့ သူတော်မြတ်တစ်ပါး ဖြစ်ပါတယ်။
#Sr. Lucy Win (SCCG)