သနားစုံမက်တတ်သောဘုရား၊ စိတ်ရှည်တော်မူသောဘုရား၊ ကျေးဇူးပြုခြင်သောဘုရား၊ အပြစ်ဒဏ်ပေးမည့်အ မှုကိုနောင်တရတတ်သောဘုရားရှင်ပေါ်မှာ ယောနအမျက်ဒေါသထွက်ခဲ့တယ်။ ဒီအချဥ်းအရာကိုသိတဲ့ဘုရားက သူ့ကိုပညာပေးဆုံးမတော်မူခဲ့တယ်။ မြို့ပြင်တနေရာ၊ ကြက်ဆူပင်အရိပ်အောက်မှာဧမြမှုရနေခိုက် နောက်တစ် နေ့နံနက်မှာ ကြက်ဆူပင်ဟာပိုးကိုက်လို့သေခဲ့ရတယ်။ အဲဒီအပေါ်မှာလည်းယောနဒေါသပွါးခဲ့ရပြန်တယ်။ ဘုရား ရှင်ကိုယ်တော်တိုင် ဒီဇတ်ကွက်လေးရဲ့ ဒါရိုက်တာနေရာမှာနေပြီး ယောနကိုအသုံးပြုကာ နိနီဝေးမြို့သူမြို့သား အားလုံးကို ကယ်တင်ပေးခဲ့တယ်။
ဧဝံဂလိတရားကျမ်းမှာလည်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးကို ပိုင်းခြားသိမြင်နိုင်တဲ့ ဘုရားရှင်ထံ ဆုတောင်းဖို့မေတ္တာကို ခရစ်တော်ကိုယ်တော်တိုင်သင်ကြားပေးခဲ့တယ်။ ဘုရားရှင်ဟာ ဒို့ဘဝရဲ့ဒါရိုက်တာပါ။ ဘဝရဲ့လိုအပ်ရာ စ/လယ်/ဆုံး ကြိုတင်သိမြင်တော်မူတဲ့ဘုရားဖြစ်ပါတယ်။ နိနီဝေးမြို့ကိုကယ်ဖို့ ယောနကိုအသုံး ပြုသလို၊ ဒို့တစ်ဦးဆီကိုလည်း မိမိအတွက်၊ အများအတွက် ဆုတောင်းပေးဖို့မေတ္တာကိုသင်ပေးပြီး ဆုတောင်းစေခဲ့တယ်။
မိမိအတွက်၊ အများအတွက် ကယ်တင်ဖို့ ရက်ရောတဲ့ ဘုရားရဲ့အသုံးတော်ခံများ ဖြစ်နိုင်ဖို့ကြိုးစားဆုတောင်းကြပါစို့။
Sr. Lucy Win (SCCG)