Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-06 00:27:29
#အောက်တိုဘာလ (၆)ရက် / ဗုဒ္ဓဟူးနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်လုကာ (၁၁း ၁-၄)
#Sr. Mary Zinghtung Lu (FMM)
Posted by M Sulatthtwe

တပည့်တော်ကြီး သံလုကားကို  Evangelist of Prayer လို့ခေါ်ဆိုကြသည်။ ကျမ်းစာ၌အကြိမ်ပေါင်းများစွာသခင်ခရစ်တော်၏ ဆုတောင်းခန်းများကို ဖေါ်ပြထားသည်ကိုတွေ့ရသည်။ အထူးသဖြင့်အရေးကြီးသောအချိန်များ၌ ဆုတောင်းခြင်း၊ အဖခမည်းတော်ဘုရားနှင့် ပေါင်းစည်းခြင်းနှင့် မီးမောင်းထိုးပြသည်။ ဂျော်ဒန်မြစ်၌ ဆေးကြောခြင်းခံချိန်တွင် ခမည်းတော်၌ ၀င်စားနေပုံ၊ တပည့်တော်များကို မရွေးခင်ည၌ တစ်ညလုံးခမည်းတော်ဘုရားနှင့် ပေါင်းစပ်ပုံ၊ အဆင်းသဏ္ဍန်ပြောင်းလဲသောအခါ ခမည်းတော်နှင့် ထူးဆန်းစွာတွေ့ရပုံတို့ကို ကျွန်ုပ်တို့ကိုယ်တိုင်မြင်နိုင်၊ ခံစားနိုင်လောက်အောင်ဖေါ်ပြခဲ့သည်။ သံလုကားက အချက်နှစ်ချက်ကို ဖေါ်ပြသည်။ အစဥ်အမြဲ ခမည်းတော်နှင့်ရင်းနှီးပေါင်းသင်းနေခြင်းဖြင့် အဆက်မပြက် ဆုတောင်းခြင်းတို့ကို သတိမူစေသည်။ ၎င်းပေါင်းစည်းခြင်းသည် ယေဇူးရှင်၏ဘ၀၌ ခမည်းတော်၌ ကျောက်ဆူးချထားသည့်သဖွယ်၊ လုပ်ကိုင်ကြံစည်သမျှအားလုံးသည် ခည်းတော်ထံမှ စီးဆင်းလာသည်။ ထိုအရာသည်သာ “တခုတည်းသော အရေးကြီးသည့်အချက်” ဟု မာသားအား မိန့်ဆိုခဲ့သော အချက်ဖြစ်သည်။ ယေဇူးလုပ်ကိုင်သမျှသည် “ကိုယ်တော်၏ နိုင်ငံတော်သည် ရောက်ပါစေသော်” ဟူသော မေတ္တာစိတ်မှပေါက်ဖွားသည်။ ၎င်းစိတ်ဓါတ် လုပ်ငန်းသာလျှင် ကိုယ်တော်၏ တခုတည်းသော လုပ်ငန်းဖြစ်သည်။ မကြာခဏ ခမည်းတော်ကို တိုင်တမ်း ဆုတောင်းသည်ကို အတူနေခဲ့ကြသော တပည့်တော်တို့ ကြား၊ မြင် ခံစားရကြသည်။ ဘုရားရှင်သည် ကြင်နာသနားခြင်းဖြင့် ပြည့်စုံသောဘုရား၊ ခိုင်မြဲသော မေတ္တာပိုင်ရှင်၊ သစ္စာပိုင်ရှင်ထံ ယုံကြည်အားကိုးခြင်းဖြင့် ကလေးသူငယ်များပမာ ခမည်းတော်၏  ရင်ခွင်သို့ တိုး၀င်တတ်လာရန် လိုလားတော်မူခဲ့သည်။ ကလေးသူငယ်များပမာ ရိုးရှင်းသောသူများအနေနှင့် ဘုရားရှင်ကို အားကိုးအားထား တတ်ဖို့ အလီလီအခါခါ မိန့်တော်မူခဲ့သည်။ ယေဇူးရှင်နှင့်တူသော သူငယ်တို့၏စိတ်ဓါတ်ဖြင့် ကျွန်ုပ်တို့ဆုတောင်းရန် ဖိတ်ခေါ် နေသည်။

ဘ၀ရိုးသားစွာ ဆက်လက်နေထိုင်ရန်နှင့် ဆုတောင်းရာ၌ မြောက်များစွာ သီကုံးရွတ်ဆိုရန် မလိုကြောင်းနှင့် မေတ္တာဟူသည် နှလုံးသားမှလာသဖြင့် စကားလုံးများက အဓိကမဟုတ်ပေ။ ဆုတောင်းမေတ္တာဟူသည်မှာ လုပ်ငန်းတခုမဟုတ်ပေ။ ချစ်ခင်ရင်းနှီးသော သူတို့အကြား ပြောဆိုဖလှယ်ကြသော အပြန်အလှန် ဆွေးနွေးခန်းသာဖြစ်သည်။ ခမည်းတော်ကို အားကိုးယုံကြည်၍ သူ၏စိတ်ဆန္ဒ ကိုလေးစား၊ ယုံကြည်၊ နားစွင့်ခြင်းသာဖြစ်ပေသည်။

သခင်ခရစ်တော်သည် ရိုးသားသော စကားလုံးတို့ဖြင့် လိုအပ်ရာကို တောင်းဆုပြုတတ်ဖို့ ပို့ချသနားတော်မူခဲ့သည်မှာ ကိုယ်တော်၏ အလိုတော်ပြည့်စုံဖို့ ကိုယ်တော့်ကို လေးစားကြည်ညိုတတ်ဖို့ နေ့စဥ်လိုအပ်ချက်ကို ပေးသနားရန်နှင့် တပါးသူကို ခွင့်လွတ်နိုင်စွမ်းနှင့် နှောက်ယှက်ခြင်းမှကင်းလွတ်ရန် မိမိတို့ဘ၀နှင့် အခြားသူတို့ဘ၀၌ ကိုယ်တော်ကျိန်း၀ပ် စိုးပိုင်တော်မူပါရန် တောင်းဆုပို့သရန် သွန်သင်တော်မူခဲ့သည်။

ယနေ့သည် St. Bruno ၏ ပွဲနေ့ဖြစ်သည်။ သူသည်လွန်စွာ လုပ်ငန်းများပြားသူဖြစ်သော်ငြားလည်း လုပ်ငန်း၏လွှမ်းမိုးမှုကိုမခံဘဲ တစ်ခုတည်းသောအရေးကြီးသည့် အချက်ဖြစ်သည့်ဘုရားရှင်၏ မေတ္တာတော်အောက်၌ နှစ်မြုပ်ခံကာ ဆုတောင်းမေတ္တာနှင့်ကမ္မဌါန်း ဘ၀ကိုသာ ဦးစားပေးအသက်ရှင်ခဲ့သည်။ ကျွန်ုပ်တို့သည်လည်း ထိုနည်းတူ နေ့စဥ်ဘ၀၌ ကောင်းကင်ဘုံမေတ္တာရွတ်ဆိုတိုင်း ကိုယ်တော်၏ နိုင်ငံတော်သည် ရောက်ပါစေကြောင်း၊ ကိုယ်တော်၏ အလိုတော်ကို ဆောင်ရွက်နိုင်ရန် တောင်းဆုပြုကာ ကျေးဇူးတော်ကို ရယူကြပါစို့။

 

Sr. Mary Zinghtung Lu, FMM

 
Daily Reflection