ပရောဖက်မာလခိက ဖြောင့်မတ်သူနဲ့ မဖြောင့်မတ်သူ၊ ဘုရားကိုကြောက်ရွံသူနဲ့ ဒုစရိုက်ကိုပြုသောသူတို့အကြောင်းကို ယှဥ်တွဲဖေါ်ပြတဲ့ကျမ်းပိုဒ်ဖြစ်တယ်။ ဒုစရိုက်ပြုကြတဲ့သူတွေဟာ လောကမှာ အောင်နိုင်သူ၊ ချမ်းသာသူများဖြစ်တယ်လို့ ထင်ယောင်ထင်မှာရှုမြင်တတ်ကြတယ်။ တကယ်တော့သူတို့လုပ်တဲ့ဒုစရိုက်အပြစ်ကျွေးကို အရင်းအမြစ်မကျန် ဖျက်စီးခံရပြီး ဆပ်ဖြေကြရမှာဖြစ်တယ်။ ဘုရားရှင်ကိုကြောက်ရွံ့ပြီး တရားတော်၌မွေ့ လျော်ကာ ဖြောင့်မတ်စွာကျင့်ကြံသူတွေဟာ ဘုရားရှင်နှမြောတသတဲ့ သားသမီးအလိမ္မာများဖြစ်ကြတယ်လို့ ကိုယ်တော်ဘုရားကိုယ်တော်တိုင်မိန့်မြွတ်တော်မူခဲ့တယ်။ (မာလခိ ၁၃း၁၇)။
အဲဒီပုဂိလ်မျိုးဟာ ဘယ်သူလဲလို့မေးရင် ဒီနေ့ပွဲတော်ကျင်းပနေတဲ့မိခင်မယ်တော်၊ စိတ်ပုတီးဘုရင်မဘဲဖြစ်ပါတယ်။ မယ်တော်ကဲ့သို့ ဘုရားရှင်ရဲ့ နှုတ်တော်ထွက်စကားများကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ စိတ်နှလုံးထဲ၌မှတ်ကြုံးကာ၊ နှိမ့်ချသောနှလုံးသားပိုင်ရှင်များဖြစ်ဖို့၊ စိတ်ပုတီးရဲ့ဘုရင်မထံဆုပန်ကြပါစို့။
#Sr. Lucy Win (SCCG)