ဆုတောင်းမေတ္တာဖြင့် ဘုရားရှင်ကို ပြောင်းလဲစေသည်မဟုတ်ပါ။ ကျွန်ုပ်တို့ကိုသာ ပြောင်းလဲစေပါသည်။ ဆုတောင်းမေတ္တာဟူသည် ဘုရားနှင့်မေတ္တာမျှ၍ ၀ိညာဥ်တော်ဘုရားကိုကျွန်ုပ်တို့
ကလေးသည် လူမမယ်ဘ၀မှ ရင့်ကျက်သော ပုဂ္ဂိုလ်များဖြစ်လာရန် အချိန်နှင့်စိတ်ရှည်မှုကို လိုအပ်သည့်အလား ကျွန်ုပ်တို့သည် ယေးဇူးရှင်၏ နှလုံးသားနှင့်တူလာအောင် ၀ိညာဥ်တော်ကို အချိန်ပေးကာ ပြုပြင်ယူရပါမည်။ ထိုအချိန်ကာလအတွင်း ကျွန်ုပ်တို့ စိတ်မရှည်၊ စိတ်ဓါတ်ကျ ဖြစ်တတ်ပါသည်။ အထူးသဖြင့် လိုရာကို တောင်းဆုပြုလို့မရသောအခါများ၌ အားငယ်တတ်ကြပါသည်။ ဘုရားရှင်ကို အပြစ်တင်တတ်ကြပါသည်။ ကျွန်ုပ်တို့ နားမလည်နိုင်ကြသော်လည်း ဘုရားရှင်သည် ကျွန်ုပ်တို့ကောင်းစားရေးကိုသာ အစဥ်ဂရုမူနေခြင်း ဖြစ်ပါသည်။
ဂျက်ဆေမာနီဥယျာဥ်၌ ကိုယ်တော်ရှင်ယေဇူးနှင့်အတူ မိမိဘ၀ကို အပ်နှံတင်ပူဇော်တတ်ရန် လိုအပ်ပေသည်။ ကိုယ်တော်ရှင် ယေဇူးသည် မိမိ၏အလိုတော်ဆန္ဒကို ထုတ်ဖေါ်ပြီးသည့်နောက်ဆိုသည်မှာ “မိမိ၏အလိုမဟုတ်၊ ခမည်းတော်ဘုရား၏ အလိုတော်သာ ပြည့်ဆုံပါစေသား”ဟု အပ်နှံပူဇော်ခဲ့သည်။ ယနေ့ အသက်ပေးနှုတ်ကပါဠ်တော်ထဲ၌ ၀ိညာဥ်တော်မြတ်၏ ခွန်အားနှင့် ယေဇူးရှင်ကဲ့သို့အပ်နှံကာ ဆုတောင်းတတ်ရန် အားပေးဖိတ်ခေါ်နေသည်။
ယုံကြည်ရင်း၊ ရင်ခုန်ရင်း ကိုယ်တော်ရှင်ထံ အဆက်မပြတ် အသနားခံယူကြလျှင် ကျွန်ုပ်တို့အား ၀ိညာဥ်တော်မြတ် ပေးသနားကာ ပြုပြင်ပြောင်းလဲလာကြပြီး ကိုယ်တော်၏ တပည့်တော်များ ဖြစ်လာကြပါလိမ့်မည်။ ယနေ့ စိတ်ပုတီး မယ်တော်ကဲ့သို့ ကိုယ်တော်ရှင်၏ နက်နဲရာတို့၌ပါ၀င်ပြီး မယ်တော်ကဲ့သို့သော နှလုံးသားကို ပိုင်ဆိုင်ကြပါစို့။ “ကျွန်မသည်ကိုယ်တော်၏ ကျွန်မဖြစ်၍ ကိုယ်တော်၏ အလိုတော်သည် ကျွန်မ၌ အစဥ်ပြည့်၀စေသား။”
#Sr. Mary Zinghtung Lu, FMM