Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-08 06:04:15
အောက်တိုဘာလ (၈)ရက် / သောကြာနေ့ ၂၀၂၁
ပထမကျမ်း / ယောလ (၁း၁၃-၁၅၊ ၂း ၁-၂) 
ဧဝံဂေလိကျမ်း / ရှင်လုကာ (၁၁း ၁၅-၂၆)
Sr. Lucy Win (SCCG)
Posted by M Sulatthtwe

 

ပြည်တော်ကြီးပျက်စီးနေတဲ့အခြေအနေကို ပြန်လည်ထူမဖို့ရန်အတွက် ပ‌ရောဖက်ယောလအားဖြင့်ဘုရားရှင် ကြားဝင်ဟောကြားစေခဲ့တယ်။ ယဇ်ပယောဟိတ်တွေ သူတို့ရဲ့အပေါင်းအပါတွေကို လျှော်တေအဝတ် နေ့ရောညပါ  ဝတ်စေပြီး အစာရှောင်ခြင်း၊ ခြိုးခြံခြင်း၊ ဆုတောင်းခြင်းများဖြင့် အဲဒီအနိဌာရုံကြီးကို ကုစားဖို့ဆော်ဩစေ ခဲ့တယ်။ လူတွေဟာဘုရားရှင်နဲ့အဆက်ပြတ်ပြီဆိုရင်၊ ဘုရားပျောက်တဲ့ဘဝထဲမှာ နတ်ဆိုးရောက်လာစမြဲဘဲ။ ဒီနတ်ဆိုးကိုတိုက်ထုပ်ဖို့ ခရစ်တော်ဟာ ဇတ်လိုက်ဖြစ်တယ်။ ဧဝံဂေလိကျမ်းစာတော်မြတ်မှာ နတ်ဆိုးမောင်းထုတ်တဲ့အကြောင်း လူတချို့လက်မခံဘဲ အငြင်းပွါးနေကြပြီး နိမိတ် လကာကိုတောင်းနေကြတယ်။ “ငါ့ဘက်၌မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏” (လုကာ ၁၁း၂၃) လို့ခရစ်တော် ရဲ့တုံ့ပြန်တဲ့အသံကိုမကြားရလေအောင်၊ ဘုရားရှင်နဲ့အဆက်မပြတ်ရလေအောင်၊ ကျွန်ုပ်တို့ တစ်ဦးဆီ ခရစ်တော် ရှင်အပေါ် ယုံကြည်မှုအပြည့်အဝထားပြီး အစာရှောင်၊ ခြိုးခြံ၊ဆုတောင်းခြင်း များဖြင့် ပြည်တော်သစ်ကိုပြန်လည်ရ ရှိဖို့ စစ်မှန်တဲ့နောင်တတရားနဲ့၊ ဘုရားရှင်ထံတိုးဝင်ခိုလှုံကြပါစို့။

#Sr. Lucy Win (SCCG)

Daily Reflection