ဤကျမ်းချက်သည် မိသားစု မျိုးနွယ်ဆက်အပေါ် လွန်ကဲစွာ တွယ်ဖက်ထားသည့် သူတို့အတွက် မိန့်ဆိုထားခြင်း ဖြစ်သည်ကို သတိမူ ကြရပေမည်။ အဘယ်ကြောင့်ဆိုသော် ဓမ္မဟောင်း ထုံးတမ်းအရ ယင်းတို့၏ ဆွေတော်စဉ် မျိုးတော်ဆက်တို့သည် ဘုရားသခင် ရွေးကောက်ထားခြင်း၏ အာမခံချက် ဖြစ်သည်။ လူတစ်ဦး၏ တန်ဖိုးသည် ဆင်းသက်လာသော ဘိုးဘေးများအပေါ် မူတည်၍ အမျိုးသမီး တစ်ဦး၏ တန်ဖိုးမူကား မိမိမွေးဖွါးပေးသော သားဦးရေအပေါ် မူတည်သည်ဟု ယုံကြည်လက်ခံ ထားကြသည်။ ခရစ်တော်ဘုရား၏ တုံ့ပြန်ဖြေဆိုခြင်းမှာ လူတစ်ယောက်၏ တန်ဖိုးသည် ဆွေမျိုးဆက် ဇယားကွက် အဆင့်ထက် ကိုယ်ပိုင် အဆုံးအဖြတ် ပေးခြင်းက ပို၍အရေးပါကြောင်းနှင့် အမျိုးသမီး တန်ဖိုးမှာမူ အမျိုးသမီး ဖြစ်ရခြင်းသည် မျိုးပွားပေး နိုင်စွမ်းထက် သာလွန်ပါကြောင်း ဖေါ်ပြတော်မူသည်။ ကျွန်ုပ်တို့သည် သွေးသားအားဖြင့် ခရစ်တော်နှင့် ဆွေမျိုး မတော်စပ် နိုင်သော်လည်း ဘုရားသခင်၏ နုတ်တော်ထွက် စကားကို လိုက်နာကျင့်ဆောက် တည်ခြင်းဖြင့် ခရစ်တော်နှင့် ဆွေမျိုး တော်စပ်နိုင်ကြောင်း လမ်းသစ်ဖွင့်ပေးတော်မူသည်။
#Sr. Lucia Than Kyi (FMM)