“သင်၌ရှိသမျှသော ဥစ္စာပစ္စည်းတို့ကို ရောင်းချပြီးလျှင် ဆင်းရဲသားတို့အား ပေးကမ်းစွန့်ကြဲလော့။” မည်သည့် အဟန့်အတားက ဤလူငယ်ကို ကောင်းကင်နိုင်ငံတော်၏ အပြင်၌ ဆိုင်းငံ့ထားစေ ခဲ့ပါသနည်း။ သင်၏ဘဝ အသက်တာသည် ခရစ်တော်ဆီသို့ ဦးတည်ခရီး ပြုနေရာ၌ မည်သည့် ဆူးငြောင့် ခလုတ်သည် သင့်ကို အတားအဆီး ပြုနေပါသည်း။ ငါမှတစ်ပါး အခြားသော ဘုရားကို မကိုးကွယ်နှင့် (ထွက် ၂၀း၃) လူငယ်လေးသည် ခရစ်တော်ဘုရား၏ တောင်းဆိုချက်ကို မဖြည့်ဆည်း နိုင်ခဲ့ပေ။ ခရစ်တော်သည် ဤလူငယ်လေး မိမိ၏နောက်တော်သို့ မလိုက်နိုင်ကြောင်း သိတော်မူပါသော်လည်း ကိုယ်တော်သည် လူငယ်လေးကို ချစ်တော်မူသည်။ လောက၌ ဥစ္စာပစ္စည်း ကုံလုံကြွယ်ဝ ချမ်းသာကြသော်လည်း အရေးကြီးသော ထာဝရအသက် တစ်ချောင်း ကင်းမဲ့နေသည်ကို သတိပြုကြရပေမည်။ ချမ်းသာ ကြွယ်ဝခြင်းသည် ဘုရားသခင်၏ ကောင်းချီးတော် တစ်ဖြာဟု ဓမ္မဟောင်းကျမ်၌ ပြဆိုထားသော်လည်း ကြွယ်ဝချမ်းသာခြင်းသည် ယုံကြည်ခြင်း၏ သကေင်္တ အမှတ်အသား မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ မျက်နှာသာပေးခြင်းလည်း မဟုတ်ကြောင်း သတိမူကြပါစို့။
#Sr. Lucia Than Kyi (FMM)