ရန်လိုမှုစိတ်ထားရှိပြီး ရက်စက်ကြမ်းကြုတ်သည့် နီနေဝေ မြို့သူမြို့သားများပင်လျှင် ပရောဖက် ယောန၏ ဟောပြောချက်ကြောင့် နောင်တ ယူခဲ့ကြသည်။ ဩဇာပြည့်လျံနေသည့် ရှေဘပြည်မှ ဒိဌိဘုရင်မသည် ဆောလမွန် ဘုရင်မင်းကြီး၏ ဥာဏ်ပညာတော်ကို ကြားနာရသောအခါ အစ္စရာအဲလ် ဘုရားသခင်အား မင်္ဂလာ ရှိစေသတည်း။ ရှေ့တော်၌ အစဥ်နေ၍ ပညာကို ကြားရသော ကိုယ်တော်၏လူ၊ ကျွန်ပ်တို့သည် မင်္ဂလာ ရှိကြပါ၏ဟု လျှောက်ထားခဲ့ပါသည်။ ခရစ်တော်က “ပရောဖက် ယောနနှင့် ဆောလမွန် မင်းကြီးထက် ကြီးမြတ်သောသူသည် လောကီသားများကို ချစ်တော်မူသောကြောင့် ဤလောကသို့ ဆင်းကြွလာခဲ့သည်ကို သင်တို့ လက်မခံကြချေ။” ယနေ့ ကျွန်ပ်တို့သည် နှစ်ပေါင်း ထောင်ကျော် အချိန်ကာလ ကြာမြင့်စွာ အမိအသင်းတော်အားဖြင့် ခရစ်တော်အကြောင်းကို ကြားသိခဲ့ကြရပြီ။ ဤထူးမြတ်လှသော ကျေးဇူးတော် အခွင့်အရေးသည် သင်တို့အား မည်မျှ အကျိူးကျေးဇူး ပြုနေပါသနည်း။ ရရှိခဲ့ရသော အခွင့်အရေးကြောင့် သင်တို့သည် နီနေဝေ မြို့သူမြို့သားတို့ထက် ပြင်းထန်သည့် တရားစီရင်ခြင်းကို ခံကြရလိမ့်မည်ဟု ခရစ်တော် မိန့်ဆိုခဲ့သည်။ အချိန်သည် ဘုရားသခင် ပေးသနားတော်မူသော၊ ဆုလက်ဆောင် ဖြစ်ပါသည်။ အကျိုးရှိစွာ အသုံးပြုနိုင်ရန် ဆုပန်ကြပါစို့။
#Sr. Lucia Than Kyi, FMM