ကျွန်ုပ်တို့ နေ့စဥ်ဘဝမှာ အသက်ရှင် နေထိုင်နေတဲ့ သတ္တလောကကြီးကို ရှုမြင်တတ်ခြင်း၊ ဒီအရာကို ဖန်ဆင်းထားတဲ့ ဘုရားသခင်ရဲ့ လက်ရာတော်တွေကို ဆင်ခြင်ထောက်ရှုခြင်း၊ အခမဲ့ရတဲ့ လေ၊ ရေ၊ နေ၊ စတဲ့ အရာတွေ အပေါ်မှာ တန်ဖိုးထား အသုံးပြုကာ ကျေးဇူးတော်ကို ချီးမွမ်းအသက်ရှင်နိုင်ဖို့ အရေးကြီး လှပေတယ်။ ဒီလိုမဟုတ်ဘဲ နိမိတ်လက္ခဏာတွေ၊ တန်ခိုးတွေ ဘယ်မှာလဲ ပြဖို့တောင်းနေတဲ့ လူအဖွဲ့ကတော့ “ဆိုးယုတ်သော လူမျိုး၊ ဘုရာရှင်ရဲ့ အမှန်တရားကို လိမ်လည်လည့်ဖြားခြင်းနဲ့ ဖလှယ်ကြတဲ့” (ရောမ ၁း၂၅) ပညာမဲ့ပြီး ကန်းနေသော လူယုတ်မာ အဖွဲ့ပင် ဖြစ်ပါတော့တယ်။ သင်ရော ကျွန်ုပ်ပါ ဘယ်အဖွဲ့ထဲမှာ ရှိနေလဲ ဆိုတာ စဥ်းစားရမှာ ဖြစ်ပါတယ်။ အပြင်အပ အရာတွေကို ဖန်ဆင်းတဲ့ ဘုရားရှင်ဟာ လူ့အတွင်း စိတ်နှလုံးကိုလည်း လှပစင်ကြယ်စေဖို့ ခရစ်တော်က နှိုးဆော်ထားပြန်ပါတယ်။ ပေးကမ်းစွန့်ကြဲခြင်း၊ ကောင်းမှုကုသိုလ် ပြုလုပ်ခြင်းအားဖြင့် ဖန်ဆင်းရှင်ကို ချီးမွမ်းလျှက် ရှင်သန် လျှောက်လှမ်း ကြပါစို့။
#Sr. Lucy Win (SCCG)