ပညတ်တရားကျမ်း၌ လက်ဆေးခြင်း မင်္ဂလာ အခမ်းအနားသည် ကျန်းမာရေး အကြာင်းပြချက် မဟုတ်ပါ။ အကျင့်စာရိတ္တဆိုင်ရာ သန့်စင်မှုသာ ဖြစ်သည်။ ဤဝိနည်းတော်သည် ရဟန်းတို့နှင့်သာ သက်ဆိုင်သော်လည်း ဖါရီဇေဦးတို့သည် အများအထင်ကြီးမှုအတွက် ပွဲထုတ် ပြုလုပ်ကြသည့်အပြင် လူတို့အားလည်း ပြုကျင့် စေခဲ့ကြသည်။ ဖါရီဇေဦးတို့သည် မိမိတို့ကိုယ်ကို သန့်စင်ကြသည်ဟု အတွေး၌ သာယာကြည်နူးမှုကို ခံစားလိုကြသည်။ သို့သော် သူတို့သည် ဘုရားသခင်နှင့် လူသားများအပေါ် အလွန်တွန့်တို ကြသောကြောင့် အတွေးနှင့် မဆီလျော်ကြချေ။ ကျွန်ုပ်တို့အား ဘုရားသခင် ပေးအပ်ထားသော ကျေးဇူးတော်နှင့် ပင်ကိုယ်ရည် စွမ်းအားများကို အကူအညီ လိုအပ်သူတို့အတွက် မည်ကဲ့သို့ ရက်ရောစွာ ပေးကမ်းစွန့်ကြဲ တတ်ကြောင်း သုံးသပ်ကြလျက်၊ ကျွန်ုပ်တို့၏ စေတနာ ရက်ရောမှုသည် နှလုံးသား စင်ကြယ်ခြင်း၏ အမှတ်သညာ ဖြစ်သည်။
#Sr. Lucia Than Kyi, FMM.