ဆယ်ဖို့တစ်ဖို့သည် အသင်းတော်အတွက် အရေးကြီးပေသည်၊ သို့သော် ကျွန်ုပ်တို့၏ စာနာရိုင်းပင်းတတ်မှုသည် ဆယ်ဖို့ တစ်ဖို့အလှူနှင့် ရပ်တံ့ မသွားသင့်ပေ။ ကူညီမစသင့် သူများကို စောင့်ရှောက်ကြရမည်။ ပညတ်တရား၌ သတ်၍ သေသောသူ၊ နာ၍ သေသောသူ၊ လူသေအရိုး၊ လူသင်္ချိင်းကို လယ်ပြင်၌ တွေ့၍ ထိလျှင် (၇)ရက်ပတ်လုံး မစင်ကြယ် ဖြစ်လိမ့်မည်။ (တော ၁၉း၁၆)။ (ထွက်၂၀း၈)တွင် ဥပုသ်နေ့တွင် ဥပုသ်နေ့ကို သန့်ရှင်း စင်ကြယ်ခြင်းငှါ ထိုနေ့ရက်ကို အောက်မေ့လော့ ဆိုရာ၌ ဖြည့်ထည့်ထားသည့် သွန်သင်ချက်များတွင် ဥပုသ်နေ့တွင် ခြေလှမ်း မည်မျှသာ လှမ်းကြရမည် ဖြစ်ကြောင်း၊ အလေးချိန် မည်မျှသာ သယ်ဆောင်ရမည် ဖြစ်ကြောင်း ချဲ့ထွင်၍ ချမှတ်ထားသည်။ မိမိ၏ မြည်းဖြစ်စေ၊ နွားဖြစ်စေ ဥပုသ်နေ့၌ ရေတွင်းထဲသို့ ကျခဲ့သော် ချက်ခြင်း ဆွဲတင်နိုင်သော်လည်း ဥပုသ်နေ့၌ ကုသမှုကိုတော့ တားမြစ်ထားခြင်းကို ခရစ်တော်ဘုရား ပြစ်တင် ရှုပ်ချတော်မူသည်။
#Sr. Lucia Than Kyi, FMM.