ပထမကျမ်းစာတော်မြတ်ထဲမှာ ရှင်ပေါလုက လူသားအချင်းချင်း တစ်ဦးနဲ့တစ်ဦးအပေါ် တရားစီရင်ချက် မပြုလုပ်ရန် တစ်ဦးဆီ၌လည်း မတူညီတဲ့အားနည်းချက်ကိုယ်စီ ရှိကြတာကြောင့် ဘုရားရှင်မှတပါး ဤအမှုကို မပြုလုပ်ကြရန် ထပ်မံသတိပေး နှိုးဆော်နေပါတယ်။ လူတိုင်းအဖို့ ဘဝနိဂုံးချုပ်ပြီး နောက်ဆုံးသော နေ့ရက်မှာ တရားသော ဘုရားရှင်ဟာ မှန်ကန်ဖြောင့်မတ်စွာ တရားစီရင်ပေးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လောကမှာ သနားတတ်တဲ့ ဘုရားရှင်ထံမှာ ရရှိထားတဲ့ အခွင့်အရေးများကို လူတိုင်းအတွက် မိမိတို့ရဲ့ အကျင့်နဲ့ ထိုက်တန်တဲ့ တရားစီရင်ချက်ကို တရားသော ဘုရားက ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဖါရီဇေဦးများလို ခရစ်တော်ရဲ့ ကျိန်ဆဲခြင်း အမင်္ဂလာမှ လွတ်မြောက်ပြီး မင်္ဂလာရှိတဲ့ စိတ်နေစိတ်ထားများ၊ လုပ်ရပ်များ၊ အပြုအမူများနဲ့ နေထိုင်အသက်ရှင် သွားကြဖို့ ကြိုးစားအားထုတ် ကြပါစို့။
#Sr. Lucy Win (SCCG)