Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-13 06:48:37
အောက်တိုဘာလ (၁၄)ရက် / ကြာသပတေးနေ့ ၂၀၂၁
ပထမကျမ်း / ရောမ (၃း ၂၁-၃၀)
ဧဝံဂေလိကျမ်း / ရှင်လုကာ (၁၁း ၄၇-၅၄)
Sr. Lucy Win (SCCG)
Posted by M Sulatthtwe

ပညတ်တရားနဲ့ ဖြောင့်မတ်ခြင်း တရား ၂ ခုအကြောင်းကို ကွဲပြားသိရှိဖို့ ရှင်ပေါလုရဲ့ ဆုံးမစာမှာ တွေ့ရမှာ ဖြစ်ပါတယ်။ ဖြောင့်မတ်ခြင်း တရားဆိုတာ လူသားများဟာ မိမိတို့ အပြစ်ကြောင့် ဘုရားဘုန်းဂုဏ်တော်နဲ့ ကင်းဝေးခဲ့ကြရတယ်။ ခရစ်တော် ကိုယ်တော်တိုင် အသွေးတော် သွန်းလောင်းပြီး၊ ယဇ်ကောင်အဖြစ် လူတွေရဲ့ အပြစ်အတွက် ကယ်တင်ပေးခဲ့တဲ့ ဘုရားရှင်ထံမှ အခမဲ့ရှိတဲ့ ကျေးဇူးတော်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခရစ်တော်ကို ယုံကြည်ခြင်း အားဖြင့်သာ အပြစ်လွတ်ခြင်း ချမ်းသာ၊ ကယ်တင်ခြင်း ချမ်းသာကို ရရှိကြတာ ဖြစ်တယ်။ တနည်းဆိုရရင် ဖြောင့်မတ်ခြင်း တရားဟာ ဘုရားရှင်ထံမှ တိုက်ရိုက် လာကြောင်းကို (ရောမ ၃း၂၈) မှာ ဖေါ်ပြတဲ့အတိုင်း ‘ထို့ကြောင့် လူသည် ပညတ်တရား၏ အကျင့်အားဖြင့် မဟုတ်ဘဲ ယုံကြည်ခြင်း အားဖြင့်သာလျှင် ဖြောင့်မတ်ခြင်းသို့ ရောက်ကြောင်းကို ငါတို့ သိကြရပြီ။’ အဓိကနဲ့ သာမည အရွေးမှားပြီး ထင်တိုင်းကြဲနေတဲ့ ဖာရီဇေဦးများနဲ့ ကျမ်းတတ်ဆ‌ရာကို အမင်္ဂလာ ရှိတယ်လို့ ခရစ်တော် ဆက်လက် အပြစ်တင်နေတာကို ဧဝံဂေလိကျမ်းမှာ ကြားရမှာ ဖြစ်တယ်။ အရေဖျားလှီးခြင်း ခံသောသူ၊ မခံသောသူ ၂ ဦးစလုံးကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့ ရောက်စေတော်မူသော ဘုရားသခင် တစ်ဆူတည်း ရှိကြောင်း ယုံကြည်ခြင်း အလင်းတရား ပိုင်ဆိုင်သူများဖြစ်ဖို့ ဆုတောင်းရင်း ကြိုးစားကြပါစို့။

#Sr. Lucy Win (SCCG)

 

 

 

Daily Reflection