‘ကြောက်ကြလော့’.. မကြောက်ကြနှင့်’ ကြောက်သင့်တဲ့အရာ၊ မကြောက်သင့်တဲ့အရာ ၂ ခုကို ခွဲခြား ကျင့်ကြံဖို့ ခရစ်တော်ဘုရားက ထောင်ပေါင်း များစွာသော လူအစုဝေးကြီးကို တရားပေးနေပါတယ်။ ခန္ဓာကိုယ်ကို သတ်ပြီး နောက်ထပ် မည်သို့မျှ မပြုလုပ်နိုင်သော သူတို့ကို မကြောက်ကြဖို့နဲ့ “ခန္ဓာကိုယ်ကို သတ်ပြီး ငရဲထဲသို့ ချနိုင်သောသူကို ကြောက်ကြလော့။” (လုကာ ၁၂း ၄-၅) ခန္ဓာနဲ့ဝိညာဥ် ပေါင်းစပ် အသက်ရှင်ရတဲ့ လူ့ဘဝမှာ ဝိညာဥ် မသေမပျောက်ရန် အရေးကြီးကြောင်း ဝိညာဥ် ရန်သူများဖြစ်တဲ့ ဖါရီဇေဦးနဲ့ ကျမ်းတတ်ဆရာများရဲ့ စိတ်ဓါတ် မပွင့်မလင်း၊ မရိုးမသားတဲ့ ဥာဏ်ရည် ဥာဏ်သွေးထက် နှလုံးသား အရည်အသွေး မြင့်မားစေဖို့ အဘအာဗြဟံကဲ့သို့ ဘုရားရှင်အပေါ် ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်သူများ ဖြစ်လာရန် ဆုတောင်းရင်း ကြိုးစား အားထုတ်ကြပါစို့။ ‘သင်တို့၏ ဦးခေါင်း၌ ရှိသမျှသော ဆံပင်တို့ကိုပင်လျှင် ရေတွက်ထားလေပြီ။ ထို့ကြောင့် မကြောက်ကြနှင့်’ (လုကာ ၁၂း၇)။
#Sr. Lucy Win (SCCG)