ဤကျမ်းပိုဒ်၌ ခရစ်တော်ဘုရားက လောကီရေးရာများထက် ထာဝရအသက်တာအတွက် ပူပင်မှုရှိကြရန် သတိပေး နိူးဆော် တော်မူသည်။ ဖါရီဇေဦးတို့၏ တစ်ကိုယ်ကောင်းဆန်မှုသည် တဆေးကဲ့သို့ ကျယ်ပြန့်လာသည်။ ကျွန်ုပ်တို့၏ တန်ဖိုးသည် မိမိတို့၏ အရည်အချင်း အပေါ်မှာ မူမတည်ဘဲ လူသားများသည် ဘုရားသခင် အမြတ်တနိုး ထားသည့် ရတနာအဖြစ် ရူမြင်ခံရခြင်း၌ လေးစားထိုက်သူ များလာကြသည်။ ထို့ကြောင့် ဘုရားသခင်၏ မေတ္တာသည် ကျွန်ုပ်တို့ ရရှိသော တန်ဖိုး၏ အကြောင်းအရင်း ဖြစ်သည်။ ကျွန်ုပ်တို့ကို ဘုရားသခင် ပိုင်တော်မူပါသည်။ သင်တို့၏ ဦးခေါင်း၌ ရှိသမျှသော ဆံပင်တို့ကိုပင်လျှင် ရေတွက်ထားလေပြီဆိုသည့် မိန့်ချက်ကိုထောက်လျှင်၊ ကျွန်ုပ်တို့ကို ကိုယ်တော်သည် အနုစိပ် စေ့စပ်သေချာစွာ ယုယပြုစု စောင့်ရှောက်လျှက်ရှိကြောင်း ဖော်ကျူးထားခြင်း ဖြစ်သည်။
#Sr. Lucia Than Kyi, FMM.