ဝိညာဥ်တော်ဘုရားအား ပြစ်မှားသော အပြစ်ကို အခွင့်လွှတ်ခြင်း ခံရလိမ့်မည် မဟုတ်ဟု ကိုယ်တော်၏ မိန့်ချက်အပေါ် ယုံကြည်ခြင်း၌ သံသယမရှိသော ခရစ်ယာန် ညီအစ်ကို မောင်နှမများသည် စိတ်သောက ရောက်ဟန်တူသည်၊ လုံးဝမရောက်သင့်ပေ။ ဝိညာဥ်တော်ဘုရားကို ပြစ်မှားသောအပြစ် ဆိုသည်မှာ ခရစ်တော်၏ အမှုတော် လုပ်ငန်းကို တမင်သက်သက်၊ အစဥ်အဆက် ငြင်းပယ်နေခြင်းသည် ဘုရားသခင် ကိုယ်တော်တိုင်ကို စွန့်ပယ်နေခြင်း ဖြစ်သည်။ မိမိ၏ နှလုံးသား မျက်စေ့နှင့် နားများကို ပိတ်ထားကြလျက် ဘုရားသခင်ကို အသိအမှတ် မပြုနိုင်တော့ဘဲ ပရောဖက် ဟေရှာယ ဟောချက်အရ မကောင်းကို အကောင်း၊ အကောင်းကို မကောင်းဟု ခေါ်တတ်သူ၊ အလင်းအရာ၌ အမိုက်၊ အမိုက်အရာ၌ အလင်းကို လည်းကောင်း၊ အချိုအရာ၌ အခါး၊ အခါးအရာ၌ အချိုုကို လည်းကောင်း အလွဲယူတတ်သော သူတို့သည် အမင်္ဂလာ ရှိကြ၏။ ဘုရားသခင်၏ သနားကရုဏာတော်သည် အကန့်အသတ် မရှိကြောင်း သတိမမူကြချေ။ ကိုယ်တော်၏ မဟာသနား ကရုဏာတော်ကို လက်မခံ၊ သခင်ဘုရား၏ အခွင့်လွှတ်ခြင်း ကျေးဇူးတော်ကိုလည်း ငြင်းပယ်သော သူတို့အတွက် ထာဝရ ဆုံးရှုံးလေပြီ။ ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းနှင့် အားကိုးအားထားရခြင်း၏ အရင်းခံသည် ကားတိုင်ပေါ်မှာ အသက်စွန့်တော်မူသော ခရစ်တော် သခင်သာြဖစ်သည်။ ဝိညာဥ်တော် ဘုရားသည် ခရစ်တော် ယေဇူးကို အရှင်သခင်နှင့် ကယ်တင်ရှင်ဟု သိမှတ်ဝန်ခံ သူတို့အား ပေးသနား ထားတော်မူသော ဆုလက်ဆောင် ဖြစ်သည်။
#Sr. Lucia Than Kyi, FMM.