အသက်တစ်ရာ အရွယ်ရှိပြီဖြစ်တဲ့ အာဗြံဟံဟာ အရွယ်အိုလွန်ပြီး သားသမီး မရနိုင်သော်လည်း ဘုရားရှင်က သူ့အား လူမျိုးများစွာတို့ရဲ့ အဖဖြစ်လာမယ်ဆိုတဲ့ ကတိစကားကို မျှော်လင့်ချက် ကင်းမဲ့နေတဲ့ အခြေအနေ၌ပင် သူယုံကြည်ခဲ့တယ်။ ဇနီးဆားရာ အမြုံမဘဝကို သိသော်လည်း ယုံကြည်ခြင်း အားမနည်းခဲ့ပေ၊ မည်သည့်အရာမျှ ဘုရားရှင်အပေါ် ယုံမှား သံသယ မဖြစ်ခဲ့ပေ။ ဘုရားရှင်ဟာ အရာအားလုံးကို တတ်စွမ်းနိုင်ခြင်း ရှိကြောင်း အပြည့်အဝ ယုံကြည်ခဲ့တယ်။ ခရစ်တော် သတင်းကောင်းကို ဟောပြောသူ၊ အမှန်တရားနဲ့ ကြိုးစား အသက်ရှင် နေထိုင်သူ၊ ယုံကြည်ခြင်း တရားအတွက် သက်သေခံသူများရဲ့ နိဂုံးဟာ ညှင်းပန်း နှိပ်စက်ခြင်းများ၊ မတရား စီရင်မှုများနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံလာရင် ကြောက်ရွံ့မှု မလိုဘဲ ဝိညာဥ်တော်ဘုရား အချိန်မှီ ကူညီစောင့်ရှောက်မဲ့အကြောင်း၊ “ဝိညာဥ်တော်မြတ်သည် သင်တို့အား ထိုအချိန်နာရီ၌ မည်သည့်အရာကို ပြောဆိုရမည့်အကြောင်း သွန်သင်တော်မူလိမ့်မည်” လို့ ခရစ်တော်က အခိုင်အမာ ကတိပေးထားပါတယ်။ အာဗြံဟံကဲ့သို့ ယုံကြည်ခြင်းမှာ ပိုမိုခိုင်မာပြီး ဘုရားရှင်ရဲ့ ဘုန်းတော် ဂုဏ်တော်ကို အစဥ်ချီးမွမ်းနိုင်ရန် ကြိုးစားရင်း ဆုပန်ကြပါစို့။
#Sr. Lucy Win (SCCG)