အမိအသင်းတော်ကြီးက ဒီနေ့ကျမ်းရေးပုဂ္ဂိုလ် ရှင်လုကာရဲ့ ပွဲနေ့ကို ဂုဏ်ပြု ကျင်းပနေပါတယ်။ ရှင်လုကာဟာ ဧဝံဂေလိ တတိယကျမ်းနဲ့ တမန်တော်ဝတ္ထုကို ရေးသားခဲ့တဲ့ သူတော်မြတ် ဖြစ်ပါတယ်။ သူဟာ စိန့်ပေါရဲ့ မိတ်ဆွေရင်းလည်း ဖြစ်ခဲ့တယ်။ ဒီနေ့ရဲ့ ကျမ်းစာတော်မြတ်ထဲမှာ သာသနာပြုရန်၊ သတင်းကောင်း ဝေမျှရန်၊ ခရစ်တော် ကိုယ်တော်တိုင် တပည့်တော် ၂ပါးစီ စေလွှတ်ခဲ့ပြီး ခရီးတလျှောက်မှာ ဆောင်ရန်၊ ရှောင်ရန်များကိုလည်း သွန်သင် ပေးခဲ့တယ်။ တစ်နည်းဆိုရရင် ခက်ခဲတဲ့လမ်းစဉ် ဖြစ်သော်လည်း အသုံးအဆောင် ပစ္စည်းတွေ အပြည့်အစုံ ယူဆောင်သွားဖို့ မလိုအပ်ဘူး ဆိုတဲ့စကားကို နားထောင်ရခြင်းဟာ ခရစ်တော် စေခိုင်းတဲ့ သာသနာပြုခြင်း အမှုအပေါ် သူကိုယ်တိုင် ကြည့်ရှု ထောက်ပံ့မယ် ဆိုတဲ့သဘောကို တွေးကြည့်လို့ ရတယ်။ ဒို့ဘဝက ခရစ်တော်ရဲ့ အသုံးတော် ခံနိုင်ဘို့ဘဲ ကြိုးစားရမှာ ဖြစ်တယ်။ အောင်မြင်ခြင်း၊ ဆုံးရှုံးခြင်းတွေ အားလုံးဟာ ခရစ်တော် လက်ထဲမှာ ရှိတယ်ဆိုတာကို နှလုံးသွင်းရမှာ ဖြစ်ပါတယ်။ သာသနာပြု လုပ်ငန်းရဲ့ အဓိကအရာဟာ ခရစ်တော်ထံမှာ လုံးဝယုံကြည် အပ်နှံပြီး၊ အသုံးတော်ခံ ဖြစ်ဖို့သာ လိုအပ်လှပါတယ်။
#Sr. Lucy Win (SCCG)