Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-18 07:20:05
အောက်တိုဘာလ (၁၉)ရက် / အင်္ဂါနေ့ ၂၀၂၁
ဧဝံဂေလိကျမ်း / ရှင်လုကာ (၁၂း ၃၅-၃၈)
Sr. Agnes Caroline (FMM)
Posted by M Sulatthtwe

ဒီနေ့ကျမ်းစာလေးကတော့ Lk (12: 35-38) နိုးနိုးကြားကြားနဲ့ သစ္စာရှိတဲ့ အစေခံတွေကို သူတို့ရဲ့ သခင်က သူ့ရဲ့ ကြီးကျယ် ခမ်းနားတဲ့ မင်္ဂလာ ဧည့်ခံပွဲကြီးမှာ ကိုယ်တိုင် သူတို့ကို ခေါ်ပြီး သူနဲ့အတူ ပွဲတော်ကို ပါဝင်စေမယ်လို့ ဖော်ပြထားတယ်။ ပွဲတော်ကို ပါဝင်တဲ့ အခါမှာလည်း သခင်က ပြန်လည် ဧည့်ဝတ်ပြုမယ်ဆိုတာ ပြောထားတယ်နော်။ အဲ့ဒီပွဲတော်ကို ပါဝင်မဲ့သူတွေ ဘယ်လောက်တောင် ပျော်ရွှင်ရမလဲဆိုတာ ကိုယ့်စိတ်နဲ့ တွေးရုံနဲ့တင် အတော်လေးကို ပီတိ ဖြစ်မိတယ်နော်။ ဘယ်သူတွေ ပါဝင်မလဲဆိုတာ အတိအကျ မသိရပေမဲ့ သူငယ်ချင်း မိတ်ဆွေ ချစ်ရတဲ့ သူတွေကို ပါဝင်နိုင်ဖို့ တို့တွေ ကြိုးစား ရမယ်ဆိုတာကို ဒီဧဝံဂေလိကျမ်းက ဖိတ်ခေါ်နေတယ် ဆိုတာကို စာရေးသူက ခံစားလိုက်ရပါတယ်။ လူတိုင်းမှာ ခရစ်တော်ကိုယ်တိုင် ယူဆောင် ပေးထားတဲ့ ဆီမီးတိုင်တွေ ရှိကြတယ်။ အချို့ရဲ့ ဆီမီးတိုင်က သူ့အတွက်လည်း အလင်းရနေသလို အများအတွက်လည်း ဝေငှပေးနိုင်တဲ့ သူတွေ ရှိကြတယ်နော်။ ဒီနေ့ရဲ့ ကျမ်းစာလေးက မိမိရဲ့ကိုယ်ပိုင် ဆီမီးလေးကို ထွန်းပြီး ခရစ်တော်ကို မျှော်လင့်ချက်နဲ့ စောင့်ဖို့ သတိပေးထားတယ်။ ဒီဆီမီးတိုင်လေးက တစ်ဦးချင်းရဲ့ဘဝ အမှောင်ထဲ မရောက်အောင် သတိနဲ့အမြဲ လင်းနေဖို့ လိုတယ်။  ခရစ်ယာန်တို့အတွက် အမှောင်ဆိုတာ အပြစ်လုပ်မိခြင်း မဟုတ်လား။ ကိုယ်တိုင်သာမက သူများလည်း အပြစ်ကို ရှောင်နိုင်အောင် ကြိုးစားကြစို့နော်။ ပထမကျမ်းထဲမှာ လူတစ်ယောက်ကြောင့် တို့တွေအပြစ်ထဲသို့ ရောက်ခဲ့ရသလို ခရစ်တော်အားဖြင့် တို့တွေ ထာဝရအသက် ပြန်ရခဲ့တယ်ဆိုတာ ပြောထားတယ်။ အပြစ်တွေ ဘယ်လောက် များပါစေ၊ ခရစ်တော်ဆီကရတဲ့ ကျေးဇူးတော်က လွမ်းမိုးသွားပြီး လူကောင်း တစ်ယောက် ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တို့တွေရဲ့ဘဝကို အများအတွက် ပေးဆပ်ရင်း ခရစ်တော်သခင်လို တပါးသူဘဝကို ကူညီပေးသူများ ဖြစ်ဖို့ ကြိုးစားကြပါစို့။ ခရစ်တော်ရဲ့ အစေခံတွေ အနေနဲ့ အမြဲတမ်း သတိဝီရိယနဲ့နေပြီး နောက်ဆုံး နေ့ရက်မှာ ခရစ်တော်နဲ့ ပြန်ဆုံနိုင်ဖို့ ကြိုးစားကြစို့။ မင်္ဂဆောင် ပွဲတော်ကို  ခမ်းနားစွာ ကျင်းပနိုင်ဖို့ အချင်းချင်း ကူညီကြစို့။

ဒီမေးခွန်းလေးတွေနဲ့ နှုတ်ဆက်ပါရစေ။

၁။ ခရစ်တော်အားဖြင့် ရထားတဲ့ ဆီမီးတိုင်လေးတွေ ကျွန်ုပ်တို့ဘဝမှာ လင်းလက်နေရဲ့လား။

၂။ သူတပါးရဲ့ ဆီမီးတိုင်လေးတွေကို ပိုလင်းအောင် ကျွန်ုပ်တို့ ဘာတွေ လုပ်ပေးနေလဲ။

၃။ ခရစ်တော်ရဲ့ မင်္ဂလာပွဲမှာ ပါဝင်ဖို့ မျော်လင့်ချက်နဲ့ နေ့စဥ်ဘဝမှာ ဘာတွေ ပြင်ဆင်ထားလဲ။

၄။ ပွဲတော်နဲ့ သင့်တော်တဲ့ အဝတ်အစားနဲ့ တူတဲ့ ပါရမီတွေ ဆည်းပူးနေရဲ့လားလို့ ထောက်ရှုကြရင်း တို့တွေရဲ့ ခရစ်ယာန် အသက်တာကို ဝမ်းမြောက်စွာ လျှောက်လမ်းကြစို့ ချစ်မိတ်ဆွေတို့။ အားလုံး ပြန်ဆုံကြမယ်နော်။

#Sr. Agnes Caroline, FMM

Daily Reflection