Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-18 07:22:59
အောက်တိုဘာလ (၁၉)ရက် / အင်္ဂါနေ့ ၂၀၂၁
ပထမကျမ်း / ရောမ (၅း ၁၂၊ ၁၅ခ၊ ၁၇-၁၉)
ဧဝံဂေလိကျမ်း / ရှင်လုကာ (၁၂း ၃၅-၃၈)
Sr. Lucy Win (SCCG)
Posted by M Sulatthtwe

လူတစ်ဦးရဲ့ ဖြောင့်မတ်ခြင်း ကျေးဇူးတော်ဟာ အပြစ်မှ ကယ်ချွတ်ပေးခဲ့တဲ့ ခရစ်တော်ဘုရားကို ယုံကြည်ခြင်းအားဖြင့် အခမဲ့ ရရှိတဲ့လက်ဆောင် ဖြစ်ပါတယ်။ လူတစ်ယောက် (အာဒံ) ရဲ့ အပြစ်ကြောင့် လူအများ သေခြင်းကို ခံရသလို၊ ခရစ်တော်ရှင် တစ်ပါးတည်းရဲ့ ကယ်တင်ခြင်းအားဖြင့် လူအများ ကယ်တင်ခြင်း ရရှိကြတယ်။ ဒါ့ကြောင့် ကျေးဇူးတော်ဆိုဒါ ‘'ရေမြင့်ကြာမြင့်”ဆိုသလို အပြစ်ဒုစရိုက်တွေ ဘယ်လောက်ပင် များနေစေကာမူ၊ ကယ်တင်ရှင် ခရစ်တော်ကို ယုံကြည်သူများအဖို့၊ ကယ်တင်ခြင်း ကျေးဇူးတော်ဟာ အမြဲတမ်း လုံလောက်တယ် ဆိုတာကို တရားပေးနေပါတယ်။ ဒီလို ကယ်တင်ခြင်း ကျေးဇူးတော် ရရှိခံယူနိုင်ဖို့ မိမိဘက်မှလည်း ကယ်တင်ရှင် ခရစ်တော်ကို ယုံကြည်ပြီး၊ နောင်တတရားနဲ့ တိုးဝင်ချဥ်းကပ်ဖို့၊ နေ့စဥ်အသက်တာမှာ အမြဲတမ်း အဆင်သင့်၊ ဘုရားအလိုတော်နဲ့အညီ အသက်ရှင် နေထိုင်ဖို့ လိုအပ်ကြောင်း ရှင်လုကာရဲ့ ဧဝံဂေလိ ကျမ်းစာတော်မြတ်မှာ ခွန်အားယူ ကြပါစို့။

#Sr. Lucy Win (SCCG)

 

Daily Reflection