Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-20 06:57:09
အောက်တိုဘာလ (၂၁)ရက် / ကြာသပတေးနေ့ ၂၀၂၁
ပထမကျမ်း / ရောမ (၆း ၁၉-၂၃)
ဧဝံဂေလိကျမ်း / ရှင်လုကာ (၁၂း ၄၉-၅၃)
Sr. Lucy Win (SCCG)
Posted by M Sulatthtwe

တစ်ယောက်သောသူ၏ မနာခံခြင်းကြောင့် လူအများ သေခြင်းနှင့် ရင်ဆိုင်ရ သကဲ့သို့ တစ်ယောက်သောသူ၏ နာခံခြင်းဖြင့် လူအများ ကယ်တင်ခြင်း ခံရသည်ဟူသော ကျမ်းစကားအတိုင်း အပြစ်ရဲ့လုပ်ရပ်၊ အပြစ်ရဲ့ ကျေးကျွန်ဘ၀မှ လွှတ်မြောက်ပြီး သန့်ရှင်းစင်ကြယ်တဲ့ ဘ၀ကို အရောက် လှမ်းနိုင်ဖို့ အပြစ်ရဲ့ အဖိုးအခဖြစ်တဲ့ သေခြင်းမှ ဘုရားရှင်ရဲ့ ကျေးဇူးတော် အသက်တာဖြစ်တဲ့ ထာ၀ရဆုလဒ်ကို ပိုင်ဆိုင်နိုင်ကြဖို့ ရှင်ပေါလုရဲ့ ဆုံးမစကားကို ကြားနာ ခဲ့ကြရပါတယ်။ ခရစ်တော် မြွက်ကြားခဲ့တဲ့ နှုတ်တော်ထွက် စကားထဲမှာ ကွဲပြားခြင်းအကြောင်း မီးလောင်စေခြင်းငှာ ကြွလာမဲ့ အကြောင်းတွေ ကြားရမှာ ဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ လူတိုင်းရဲ့ ဘ၀မှာ လောက၊ အသွေးအသား၊ နတ်ဆိုးရဲ့ နှောင့်ယှက်ခြင်းတွေနဲ့ ဘုရားရှင်ရဲ့ အလိုတော်ဟာ အမြဲတမ်း စိန်ခေါ်မှုကြီး တစ်ရပ် ဖြစ်ပါတယ်။ ရင်ဆိုင်ရတဲ့ အခါတိုင်း ကွဲပြားမှုတွေ၊ နားလည်မှု လွဲမှားခြင်းတွေနဲ့ မိသားစုများအကြား၊ အသိုင်းအဝိုင်း ကြားတင်မက မိမိဘ၀ထဲမှာပင် ရုန်းကန်ရမဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အပြစ်ရဲ့ အဖိုးအခဖြစ်တဲ့ သေခြင်းမှ ဘုရားရှင် ကျေးဇူးတော် အသက်တာဖြစ်တဲ့ ထာ၀ရဆုလဒ်ကို ပိုင်ဆိုင်ဖို့ ဒီစိန်ခေါ်ချက်ကြီးကို နေ့စဥ်အသက်တာမှာ အောင်မြင်စွာ ကျော်လွှားနိုင်ဖို့ ကြိုးစားကြပါစို့။

#Sr. Lucy Win (SCCG)

 

Daily Reflection