ဒီကနေ့ဟာ ရဟန္တာ သူတော်မြတ် ဂျွန်ပေါလ်ရဲ့ အောက်မေ့ဖွယ်ရာ နေ့လေး ဖြစ်ပါတယ်။ သူသက်ရှိထင်ရှား ရှိခဲ့စဉ်က ကမ္ဘာကြီးရဲ့ လက်ရှိဖြစ်နေတဲ့ အနက်အဓိပ္ပါယ်ကို မှန်ကန်စွာ ဖွင့်ဆိုခဲ့ပြီး လူသားတွေ အကျိူးရှိမဲ့ အရာတွေကို အားကျိုးမာန်တက်နဲ့ လုပ်ဆောင်ခဲ့တဲ့ သူတယောက်ဆိုတာ သူရဲ့ လုပ်ဆောင်မှုတွေက ယနေ့အထိ သက်သေပြနေပါတယ်။ စိန်ခေါ်မှုများစွာကို သခင်ခရစ်တော်နဲ့အတူ ကျော်လွားနိုင်ခဲ့တယ်ဆိုတာ သူရဲ့ဘဝခရီး မှတ်တမ်း စာအုပ်တွေအားဖြင့် ဒို့တွေ ခွန်အား ယူလို့ရနိင်တယ်။ ဒီနေ့ ဧဝံဂေလိ ကျမ်းအားဖြင့် Lk 12: 54-59 ဒို့တွေရဲ့ နေ့စဉ် ဘဝအသက်တာကို ပြန်လည် သုံးသပ်နိုင်ဖို့ သခင်ခရစ်တော်က ပြန်လည် ဖိတ်ခေါ်ထားပါသည်။ သခင်ခရစ်တော်ရဲ့ တရားဒေသနာတော်တွေကို နားထောင် နေကြသူတွေထဲမှာ လူအမျိူးမျိူး ပါဝင်ကြတယ်။ ကျမ်းတတ်ဆရာတွေ အပါအဝင် ရာသီဥတု အခြေအနေရဲ့ အနက်အဓိပ္ပါယ်ကို ဖတ်ပြနိုင်တဲ့ လောကီ ပညာရပ်တွေကို ဆည်းပူး တတ်ကျွမ်းသူတွေလည်း အပါအဝင်ပေါ့။ သူတို့တွေရဲ့ ကျွမ်းကျင်တဲ့ ခန့်မှန်းချက်တွေကြောင့် လူအတော် များများရဲ့ ချီးမွမ်းမှုတွေနဲ့ နေရာတိုင်းမှာ ဝိုင်းဖွဲ့ပြီး ရာသီဥတု အခြေအနေကို ဆွေးနွေး နေကြတဲ့အဖွဲ့ကိုတော့ သခင်ခရစ်တော်က ကိုယ်ရှေ့မှာ ဖြစ်နေတဲ့ လက်ရှိအခြေနေကို ပိုပြီး သတိမူတတ်ဖို့ကို ပြန်လည် ဖိတ်ခေါ်ထားတယ်နော်။ ဘာလို့လဲဆိုတော့ သူတို့တွေက သခင်ခရစ်တော်ရဲ့ တည်ရှိခြင်းကို သတိမမူကြလိုပဲ။ ဘုရားသခင်ရဲ့ နိုင်ငံတော်က တို့အလယ်မှာ ရောက်ရှိနေပြီဆိုတဲ့ ခရစ်တော်ရဲ့ တည်ရှိခြင်းကို လျစ်လျူရူ နေတာကြောင့် သခင်ခရစ်တော်က သတိပေးလိုက်ခြင်း ဖြစ်တယ်။ ဒို့တတွေ တခါတရံ အဓိကနဲ့ သာမညကို ခွဲခြားဝေဖန် တတ်ဖို့လိုတယ်နော်။ အဓိက မိမိကိုယ်ကို အမြဲတမ်း သတိမူ ဝေဖန်တတ်ဖို့က သူများကို ဝေဖန်ရေး လုပ်ဖို့ထက် ပိုအရေးကြီးပါတယ်။ ဒါမှသာ ဒို့တွေရဲ့ ပန်းတိုင်ဖြစ်တဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ရောက်နိုင်မှာလေ။ ဘယ်သူမှ အလွဲတကူ ရောက်မယ်လို့ တွေးနေလို့ မရဘူး။ လိုအပ်တဲ့ ဝိညာဥ်ရေးရာ ပြင်ဆင်မှုတွေကို သခင်ခရစ်တော်ရဲ့ သွန်သင်ချက်တွေနဲ့ စစ်ဆေးပြီး နေ့တိုင်း ပြန်လည် ဆန်းစစ်နေမှသာ တို့တွေရဲ့ ပန်းတိုင်ကို အရောက် လှမ်းနိုင်ကြမှာ ဖြစ်တယ်။ နေ့စဉ်ရရှိနေတဲ့ ကျေးဇူးတော်တွေ ရေတွက်ရင်း နိုင်ငံတော် တည်ဆောက်ရာမှာ စိတ်နှလုံးသုံးပါးနဲ့ ပါဝင်ကြစို့။ မိမိတို့ရဲ့ အကျိူးရှိလှတဲ့ အချိန်တွေကို Social media ပေါ်မှာပဲ ကုန်ဆုံးမခံပဲ ဝိညာဥ်ရေးရာအတွက် ပိုမိုလေ့လာ လိုက်စားပြီး အများအကျိူးကို ဆထက်တပိုး သယ်ပိုးနိုင်ကြပါစေ။
#Sr. Agnes Caroline, FMM