လူ့ဘ၀မှာ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ လောကဓံ တရားသဘော ရှိသလို ဝိညာဥ်မှာလဲ ဒီသဘောတရား ရှိပါတယ်။ ခန္ဓာအတွက် အိုခြင်းဆိုတဲ့ နိယာမကို ဂရုမစိုက်ဘဲ နေလိုက်ရင် နာခြင်းဆီ အမြန်ဆိုက်ရောက်ပြီး သေခြင်းဆိုတဲ့ ဘဝနိဂုံးကို ရင်ဆိုင်ကြရတယ်။ ဒါကြောင့် အနေကောင်းမှ အသေကောင်းသလို အသေကောင်းမှ ထာဝရ အသက်ရှင်ခြင်းကို ရမှာဖြစ်တယ်။ ဝိညာဥ် ရှင်သန်ဖို့လည်း နေ့စဥ် အိုခြင်းနဲ့တူတဲ့ လောက၊ သွေးသား၊ နတ်ဆိုး၊ ဒီအနာတွေရဲ့ လွှမ်းမိုးမှုကို သတိမမူဘဲ အသက်ရှင်မယ်ဆိုရင် ဝိညာဥ်ခွန်အား ကျလာပြီး “သွေးသားအလိုကို စိတ်စွဲလမ်းခြင်းသည် သေခြင်းတရား ဖြစ်၏။” (ရောမ ၈း၆) ဟုဆိုသည့်အတိုင်း သေခြင်းဆိုတဲ့ အပြစ်ရဲ့ ကျွန်ဘဝကို ရောက်သွား နိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ လိုသလို ဝိညာဥ်ကိုပါ ထပ်တူထပ်မျှ အာရုံစိုက်ပြီး အပြစ်နဲ့ ဆွဲဆောင်မှု အမျိုးမျိုးမှ ကျော်လွှားကာ စစ်မှန်တဲ့ နောင်တတရားနဲ့ ဘုရားသခင် ကျေနပ် နှစ်သက်စေတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ဆုတောင်း ကြိုးစား အားထုတ်ကြပါစို့။
#Sr. Lucy Win (SCCG)